Home
မြန်မာသတင်း
ဘီပီအိုင်စက်ရုံမှူးအမှုရုပ်သိမ်းလွှာ ပယ်ချခံရ
ချမ်းမြေ့မောင်
·
November 7, 2019
အဂတိလိုက်စားမှုစွပ်စွဲချက်နဲ့ ထိန်းသိမ်းခံနေရတဲ့  အင်းစိန် ဘီပီအိုင် ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်တင်ထားတဲ့ အမှုရုပ်သိမ်းလွှာကို ရန်ကုန်တိုင်းတရားလွှတ်တော်က ဒီကနေ့ ပယ်ချလိုက်ပါတယ်။ ဥပဒေအကြံပေး ဦးခင်မောင်မြင့် က “ဒီကနေ့ အာမခံကိစ္စနဲ့ပတ်သက်လို့တော့ အမှုက အာမခံပေးဖို့ ခိုင်မာအောင် စစ်ဆေးရဦးမှာဖြစ်တဲ့အတွက် ပေါ်ပေါက်အောင်စစ်ဆေးပြီးမှ တရားရုံး က ဆင်ခြင်တုံတရားနဲ့ အာမခံပေးသင့် မပေးသင့် ဆုံးဖြတ်မှာဖြစ်တယ်”လို့ ပြောတယ်။  ဒေါက်တာအောင်ဇော်ရဲ့ ဆန္ဒအရ ဒေါက်တာအောင်ဇော်ဘက်က လိုက်ပါ ဆောင်ရွက်ပေးနေ တဲ့ ရှေ့နေအဖွဲ့ကလည်း အခုရုံးချိန်းမှာ ရှေ့နေပါဝါ ရုပ်သွားပြီဖြစ်ပါတယ်။ နောက်အပတ်ရုံးချိန်းတွေမှာ တခြားရှေ့နေအဖွဲ့နဲ့ ဒေါက်တာအောင်ဇော်က အမှုကို ဆက်လက်ရင်ဆိုင်မှာပါ။  ဆေးဝါးပစ္စည်းထုပ်ပိုးရာမှာ အသုံးပြုတဲ့  ကော်စေ့ ၂၆ တန်ကို လုပ်ထုံး၊ လုပ်နည်းနဲ့ မညီဘဲ ဝယ်ယူခဲ့တာဟာ နိုင်ငံဘဏ္ဍာဆုံးရှုံးတယ်ဆိုပြီး  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဒေါက်တာအောင်ဇော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပေဒပုဒ်မ ၅၆ နဲ့ အင်းစိန်မြို့မရဲစခန်းမှာ စက်တင်ဘာ ၆ ရက်က အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ ဒေါက်တာအောင်ဇော်ကို အရေးယူတာဟာ ဥပဒေနဲ့အညီခိုင်လုံတဲ့ အထောက်အထား ပေါ်ပေါက်ခဲ့တဲ့အတွက် အရေးယူခဲ့ခြင်းဖြစ်တယ်လို့  အဂတိတိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်ထားပါတယ်။ Photo - Mar Naw / MPA 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024