ဘိုလီးဗီးယားနိုင်ငံ ကီရာကော်ယိုမြို့မှာ နိုဝင်ဘာ ၆ ရက်နေ့က သမ္မတ ဆန့်ကျင်ဆန္ဒပြတွေကနေ အကြမ်းဖက်အသွင်ပြောင်းခဲ့ပြီး လူတယောက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသသတင်းတွေမှာ ဖော်ပြပါတယ်။
ဗွီဒီယိုထဲမှာ တုတ်ကိုင်ထားသူတွေက လူတစုက ရိုက်နှက်နေတာကို တွေ့ရပါတယ်။ အဲဒီလို အကြမ်းဖက်သူတွေဟာ သမ္မတ မိုရာလက်စ်ကို ထောက်ခံသူတွေလား ဆန့်ကျင်သူတွေလားဆိုတာတော့ မသဲကွဲပါဘူး။
ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာ သမ္မတ မိုရာလက်စ်က ပြိုင်ဘက်ထက် မဲအရေအတွက် ၁၀ မှတ်ကျော်အသာနဲ့ အနိုင်ရခဲ့ပါတယ်။
ရွေးကောက်ပွဲ မဲရေတွက်တာကို ၂၄ နာရီနီးပါး ရပ်ပြီး ပြန်ရေတွက်ရာမှာလည်း မိုရာလက်စ်က ထောက်ခံမဲတွ အများအပြား ရခဲ့ပါတယ်။
ဝေဖန်သူတွေက မဲလိမ်တယ်လို့ စွပ်စွပ်ပြီး မိုရာလက်စ် နုတ်ထွက်ပေးဖို့နဲ့ ရွေးကောက်ပွဲသစ် ကျင်းပပေးဖို့ တောင်းဆိုခဲ့ပါတယ်။
မိုရာလက်စ်ထောက်ခံသူတွေကတော့ အတိုက်အခံတွေဟာ ရှုံးမဲမဲနေတာဖြစ်ပြီး မဲရလဒ်ကို လက်ခံသင့်တယ်လို့ ပြောပါတယ်။