Home
မြန်မာသတင်း
နိုင်ငံတကာရုပ်ရှင်အမွေပွဲတော်တွင် မြန်မာ့ဂန္ထဝင်ရုပ်ရှင်များပြသမည်  
သူဇာလင်း
·
November 7, 2019
ရိုးရာအမွေအနှစ်နဲ့ ရုပ်ရှင်အမွေအနှစ်တွေကို အများပြည်သူတွေ စိတ်ဝင်စားလာစေဖို့ အတွက် ၇ ကြိမ်မြောက် နိုင်ငံတကာရုပ်ရှင် အမွေပွဲတော်ကို ရန်ကုန်မြို့မှာ ကျင်းပဖို့ရှိပါတယ်။  ပွဲတော်မှာ မြန်မာအပါအဝင် နိုင်ငံတကာက အမွေအနှစ်ခေတ်ပေါ်အနုပညာတွေကို ဖန်တီး ထားတဲ့ ရုပ်ရှင်ကားပေါင်း ၇၀ ပြသဖို့ရှိပြီး မြန်မာ့ ဂန္ထဝင်ရုပ်ရှင်တွေဖြစ်တဲ့ မှုန်ရွှေရည်၊ မြဂနိုင်နဲ့ ပျို့ချစ်လင်ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ထည့်သွင်းပြသသွားမှာလည်း ဖြစ်ပါတယ်။  Memories ရုပ်ရှင်ပွဲတော်ကို နိုင်ဝင်ဘာ ၁၅ ရက်မှ ၂၄ ရက်အထိ ၁၀ ရက်အကြာ ဝဇီရာရုပ်ရှင်ရုံမှာ အခမဲ့ပြသသွားမှာဖြစ်တယ်လို့ ဒီကနေ့ Rosewood Yangon Hotel မှာ ကျင်းပတဲ့ စာနယ်ဇင်းရှင်းလင်းပွဲက သိရပါတယ်။ နိုင်ငံတကာ ရုပ်ရှင်အမွေအနှစ်ပွဲတော်ကာလအတွင်းမှာ မြန်မာနိုင်ငံက အနုပညာရှင်တွေ အပါအဝင် ပြင်သစ်နိုင်ငံက ထူးချွန်ဆုရ မင်းသမီး Isabelle Hupper ကလည်း ပထမဆုံးအကြိမ် လာရောက်လည်ပတ်မှာလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ပွဲတော်အတွက် ရန်ကုန်တိုင်းအစိုးရ၊ မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုတက်ရေးနဲ့ ပြင်သစ်သံရုံးနဲ့ ပြင်သစ်ယဉ်ကျေးမှုဌာန၊ ဆွတ်ဇလန်သံရုံး၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂတို့အပါအဝင် အမေရိကန်သံရုံးနဲ့ သြစတေးလျသံရုံးတို့က ပံ့ပိုးကူညီထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024