A d v e r t i s e m e n t With Us

လေထုညစ်ညမ်းမှုကြောင့် ပိတ်ထားသည့် နယူးဒေလီက စာသင်ကျောင်းများ ပြန်ဖွင့် 

ဆိုးရွားတဲ့ လေထုညစ်ညမ်းမှုကြောင့် အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီက ကျောင်းတွေကို ၂ရက်ကြာပိတ်ထားအပြီး နိုဝင်ဘာ ၆ရက်မှာ ပြန်ဖွင့်လိုက်ပါပြီ။ ဒီနေ့မနက်ပိုင်းမှာ လေထုအရည်အသွေး နည်းနည်း တိုးတက်လာပြီး ဆိုးရွား ပြင်းထန်တဲ့ လေထုညစ်ညမ်းမှု အဆင့်ကနေ ညံ့ဖျင်းတဲ့ လေထုညစ်ညမ်းမှု အဆင့်ကို ရောက်လာတယ်လို့ အစိုးရ လေထု အရည်အသွေး စောင့်ကြည့်ရေး ဌာနတွေက ပြောပါတယ်။ လေထဲမှာ အချင်း ၂ ဒသမ ၅ မိုက်ခရိုမီတာထက် ပိုသေးတဲ့ အမှုန်တွေပါဝင်နှုန်း PM 2.5ဟာ အမေရိကန်သံရုံး လေထုညစ်ညမ်းမှု သတင်းအချက်အလက်အရ အဆင့် ၁၇၅ မှာ ရပ်တည်နေပါတယ်။ ဒါဟာ ကျန်းမာစေတဲ့ လေထုအရည်အသွေး စံချိန်စံညွှန်းရဲ့အောက်အဝေးကြီးမှာ ရှိနေဆဲပါ။ နိုဝင်ဘာ ၃ ရက်နေ့ကတော့ PM 2.5 အဆင့်ဟာ ၅၀၀ ကျော်မှာ ရှိနေခဲ့ပြီး အရင်ရက်တွေက နယူးဒေလီမြို့တော်ဟာ အများ ပြည်သူကျန်းမာရေး အရေးပေါ် အခြေအနေ ကြေညာခဲ့ရတာပါ။ မီးခိုးမြူထူတွေအရေးကို ဖြေရှင်းဖို့ အမှိုက်မီးရှို့တာကို တားမြစ်ထားပြီး ကိုယ်ပိုင်ကားတွေရဲ့ နံပါတ် စုံဂဏန်းအလိုက် မ ဂဏန်းအလိုက် မမောင်းရနေ့တွေ ကန့်သတ်တာအပြင် ဆောက်လုပ်ရေး လုပ်ငန်းတွေကို တားမြစ်ပိတ်ပင်တာတွေ လုပ်ခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up