Home
မြန်မာသတင်း
ရန်ကုန်ကမ်းနားလမ်းညဈေးတွင် ကွန်တိန်နာဘားများ ဖွင့်လှစ်မည်
အာကာ
·
November 5, 2019
ကွန်တိန်နာဘားဆိုင်တွေပါဝင်တဲ့ ရန်ကုန်ကမ်းနားလမ်းညဈေးကို ဒီဇင်ဘာလ ဒုတိယပတ်မှာ ဖွင့်လှစ်သွားမယ်လို့ စီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ A25 Myanmar Development ကုမ္ပဏီက ပြောပါတယ်။ ရန်ကုန်ညဈေးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ A25 Myanmar Development ကုမ္ပဏီတို့က ကမ်းနားလမ်းတလျှောက် ပန်းဆိုးတန်းလမ်းကနေ ရွှေတိဂုံဘုရား လမ်းအထိဖော်ဆောင်နေတာပါ။ A25 Myanmar Development ကုမ္ပဏီ ဒါရိုက်တာဒေါ်အိအိလင်းအောင် က “လက်ရှိမှာ ၈၀ ရာခိုင်နှုန်းကျော်ပြီးနေပါပြီ။ Decoration (အလှအပတန်ဆာဆင်မှု) အပိုင်း နည်းနည်းလောက်ပဲ ကျန်ပါတော့တယ်။ ဒီဇင်ဘာလ ဒုတိယပတ်လောက်မှာ ဖွင့်လှစ်နိုင်ဖို့ မျှော်မှန်းထားပါတယ်” လို့ ပြောပါတယ်။ ရန်ကုန်ညဈေးမှာ မြန်မာ့ရိုးရာလက်မှုပညာ အမှတ်တရပစ္စည်းအရောင်းဆိုင် ၃၀၊ ဘီယာ၊ ကော့တေးတို့ ရောင်းချမယ့် ကွန်တိန်နာဘားဆိုင်နဲ့ စားသောက်ဆိုင်တို့ ပါဝင်ပါတယ်။ “ကွန်တိန်နာဘားမှာ အရက်လုံးဝရောင်းချခွင့်မပြုပါဘူး။ ဘီယာ၊ ကော့တေးပဲ ခွင့်ပြုပါတယ်” လို့ ပြောပါတယ်။ ကမ်းနားလမ်းညစျေးကို ကျပ်နှစ်ဘီလီယံကျော် အသုံးပြုအကောင်အထည် ဖော်နေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024