ဦးခေါင်းဒဏ်ရာကြောင့် ကလေးဘဝပုံစံအတိုင်း ရှိနေသေးသည့် တရုတ်အမျိုးသား

Photo: Seenhua
ငယ်ရွယ်နုပျိုပြီး ကလေးဆန်တဲ့ ပုံစံမျိုးကို အားလုံးနီးပါးက သဘောကျ နှစ်သက်ကြပါလိမ့်မယ်။ အဲဒီထဲမှာ တရုတ်နိုင်ငံက အသက် ၃၄ နှစ်အရွယ် ဇူတော့ မပါပါဘူး။  လက်ရှိအချိန်မှာ ဇူဟာ သူ့အသက်ရဲ့ တဝက်လောက်သာ ထင်ရတဲ့ ပုံစံမျိုးကို ပိုင်ဆိုင်ထားပေမယ့် ဒီပုံစံကြောင့်ပဲ အားလုံးက သူ့ကို ကလေးတဦးလို့ ထင်နေကြပါတယ်။ တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်မှာ နေထိုင်တဲ့ ဇူရဲ့ပြဿနာဟာ သူ့အသက် ၆ နှစ်အရွယ်မှာ စတင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူဟာ တခြားကလေးတွေနဲ့ ဆော့ကစားနေခဲ့ပြီး ကျောက်ခဲတခဲက သူ့ခေါင်းကို မတော်တဆ လာထိမှန်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ဇူရဲ့ခေါင်းဟာ သွေးလုံးဝမထွက်ခဲ့ပေမယ့် သူဟာ သုံးရက်ဆက်တိုက် ဖျားခဲ့တာကြောင့် ဆေးရုံကို တင်ပို့ခဲ့ရတယ်လို့ သူ့မိဘတွေက ပြောပါတယ်။  ဆေးရုံရောက်တဲ့အခါမှာ သူ့ဦးနောက်ထဲမှာ သွေးခဲနေတာကို တွေ့ခဲ့ရပြီး အရေးပေါ် ခွဲစိတ်ခဲ့ရပါတယ်။ ဒီခွဲစိတ်မှုပြီးတဲ့အချိန်မှာ ဇူရဲ့ အခြေအနေဟာ သာမန်အတိုင်း ပြန်ဖြစ်သွားခဲ့ပေမယ့် သူ့အသက် ၉ နှစ်အရွယ်မှာတော့ သူ့မိဘတွေက တစုံတရာကို သတိပြုမိခဲ့ပါတယ်။ အဲဒါကတော့ ဇူဟာ တခြားကလေးတွေနဲ့ ယှဉ်ရင် ဖွံ့ဖြိုးမှု မရှိတာပါပဲ။ တကယ်တမ်းမှာလည်း ဇူဟာ ခွဲစိတ်မှုပြီးကတည်းက စစ်ဆေးမှုတွေအရတော့   ကျောက်ခဲထိမှန်မှုမှာ ဇူဟာ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ pituitary ဂလင်းတွေ ပျက်စီးသွားခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆယ်စုနှစ် နှစ်စုကျော်အကြာ သူ့အသက် ၃၄ နှစ်အရွယ်မှာတောင် ဇူဟာ က လေးတဦးအတိုင်းပဲရှိနေပြီး သူ့မျက်နှာမှာအမွေးအမျှင်လုံးဝမရှိကာ သူ့အသံဟာလည်း ကလေးတဦးရဲ့ အသံလိုပဲဖြစ်နေပါတယ်။  ဒါ့ကြောင့် သူ့ကိုမသိတဲ့ သူစိမ်းတစ်ယောက်က မြင်ရင် ဇူကို ကလေးငယ်တဦးအဖြစ်သာ ရှုမြင်မှာဖြစ်ပြီး တကယ်တမ်းမှာလည်း သူ့ရဲ့ခန္ဓာကိုယ်တခုလုံးဟာ ကလေးငယ်တဦးရဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်။  “ကျနော့်ရဲ့ခန္ဓာကိုယ်ဟာ လူကြီးတဦးလို ပြောင်းလဲလာခြင်း မရှိသေးဘူးလေ။ ဒါ့ကြောင့် ကျနော် အိမ်ထောင်လည်း ပြုလို့မရဘူး”  လို့ ဇူက ပြောပါတယ်။  ဇူတင်မဟုတ်ဘဲ သူ့ကို ကုသပေးတဲ့ ဆရာဝန်တွေဟာလည်း ဒီအခြေအနေကို ဘာမှတတ်နိုင်ခြင်း မရှိခဲ့ပါဘူး။  ဒါပေမဲ့ ဘဝကို အရှုံးမပေးတဲ့ဇူဟာ သူ့အခြေအနေကို အကောင်းဆုံးရင်ဆိုင်နေပါတယ်။ “ကျနော်နဲ့ သက်တူရွယ်တူ သူငယ်ချင်းတွေက တနေ့ကျရင် အဘိုးကြီး အဘွားကြီးတွေ ဖြစ်ပြီးတော့ အသားအရေတွေ တွဲနေကြလိမ့်မယ်လေ။ ဒါပေမဲ့ ကျနော်ကတော့ အမြဲတမ်း အပြစ်ကင်းစင်တဲ့ ကလေးမျက်နှာလေးအတိုင်း ရှိနေဦးမှာပေါ့” လို့ ဆံပင်ညှပ်ဆိုင်ဖွင့်ထားတဲ့ ဇူက သူ့ရဲ့အခြေအနေကို ဟာသလုပ်ပြောဆိုခဲ့ပါတယ်။  Ref: OC

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up