Live
Home
မြန်မာသတင်း
မော်လူး ရွှေဆိုင်တခုတွင် ကျပ်သိန်း ၅၀၀၀ ကျော်တန်ဖိုးရှိ ရွှေထည်မျိုးစုံ ပျောက်ဆုံး
DVB
·
November 2, 2019
စစ်ကိုင်းတိုင်း မော်လူးမြို့က ရတနာရွှေဆိုင်တခုမှာ အောက်တိုဘာ ၃၁ ရက်က ကျပ်သိန်း ၅၅၀၀ လောက်တန်ဖိုးရှိတဲ့ ရွှေထည်မျိုးစုံ ငါးပိဿာလောက် ပျောက်ခဲ့တယ်လို့ မော်လူးရဲစခန်းက သိရပါတယ်။ အဲဒီနေ့မနက် ၄ နာရီလောက်မှာ မင်းရာဇာရပ်ကွက် လမ်းမတော်လမ်းက စိုးမျိုးညီ ရတနာ ရွှေဆိုင်ပိုင်ရှင် ဦးရန်နိုင်မျိုးဟာ အိမ်အောက်ထပ် ဆင်းလာရာမှာ ရွှေထည်ပစ္စည်းတွေ တင်ရောင်းတဲ့ မှန်ကောင်တာ ၄ ခု ပွင့်နေတာကို တွေ့ခဲ့ပြီး စစ်ဆေးလိုက်တဲ့အခါ အပေါင်ခံပစ္စည်းတွေနဲ့အတူ ရွှေထည်တွေ ပျောက်လို့ ရဲစခန်းကို တိုင်ကြားခဲ့တာပါ။  ဒါနဲ့ပတ်သက်လို့ မော်လူးရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၀ အမှုဖွင့်ခဲ့ပြီး တရားခံကို စုံစမ်းနေတယ်လို့ သိရပါတယ်။  မုန်းမုန်းမင်း

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024