DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Lead Story သုံးသပ်ချက် အားကစား

အကြိတ်အနယ်ရှိမည့် ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲ သုံးသပ်ချက်

  • By DVB
  • 2 November 2019
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

ဒီတပတ်မှာ ကစားကြမယ့် ပရီးမီးယား လိဂ်ပွဲစဉ်တွေထဲက အကြိတ်အနယ်ရှိနိုင်မယ့် ပွဲစဉ် ၅ ပွဲကို ရွေးချယ်သုံးသပ်ပေးမှာ ဖြစ်ပါတယ်။

ဘုန်းမောက်-မန်ယူနိုက်တက်

ပထမဆုံးပွဲစဉ်အနေနဲ့ နိုဝင်ဘာ ၂ ရက်နေ့ ညနေ ၇ နာရီမှာ ဘုန်းမောက်နဲ့ မန်ယူနိုက်တက် အသင်းတို့ပွဲစဉ် ယှဉ်ပြိုင်ကစားကြမှာပါ။ ဘုန်းမောက်က နောက်ဆုံး ၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်နေပြီး ၂ ပွဲရှုံး ၃ ပွဲသရေကျထားပါတယ်။ နောဝှစ်ချ်၊ ဝက်ဖို့ဒ် အသင်းတွေကိုတောင် အနိုင်မကစားနိုင်ခဲ့တာကြောင့် ဒီပွဲမှာလည်း ဆက်ပြီး ရုန်းကန်ရနိုင်ပါတယ်။ မန်ယူကတော့ နောက်ဆုံး ၃ ပွဲဆက်တိုက် နိုင်ပွဲ ပြန်ရလာခဲ့ပြီး တိုက်စစ်ပိုင်းကလည်း ဂိုးတွေပြန်ရနေပါတယ်။ မာစီယယ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဒယ်နီယယ်ဂျိမ်းတို့ တိုက်စစ်က ဘုန်းမောက်ခံစစ်ကို အလုပ်ရူပ်စေနိုင်ပေမယ့် နသန်အကီ၊ စတိဖ်ကွက်ခ်နဲ့ အဒမ်စ မစ်တို့ကလည်း မာကျောတဲ့ အခြေအနေမှာရှိနေပါတယ်။ ဘုန်းမောက်တိုက်စစ်က ဂိုးတဂိုးရဖို့ တောင်ခက်ခဲနေပြီး ယူနိုက်တက်ရဲ့ အဝေးကွင်းခြေစွမ်းကလည်း စောင့်ကြည့်ရ မယ့်အခြေအနေမှာရှိလို့ ဂိုးတွေ အများကြီးမြင်ရဖို့တော့ ခက်ပါတယ်။ မန်ယူအသင်း  ၁ ဂိုး အကွာလောက်နဲ့ အနိုင်ရဖို့များပါတယ်။

အာဆင်နယ်-ဝုဗ်ဗာဟမ်တန်

နိုဝင်ဘာ ၂ ရက်နေ့ည ၉ နာရီခွဲမှာကစားမယ့် အာဆင်နယ်နဲ့ ဝုဗ်ဗာဟမ်တန် ပွဲစဉ်ပါ။ အာဆင်နယ်တို့ ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် ရမှတ်ဆုံးရှုံးခဲ့လို့ ဒီပွဲကို အာရုံစိုက်လာနိုင်ပေမယ့် ပြိုင်ဘက် ဝုဗ်နဲ့ တွေ့နေလို့ ဆက်ပြီး ရုန်းကန်ရဦးမှာပါ။ ဝုဗ်ကလည်း ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် သရေပွဲတွေနဲ့ကျေနပ်ခဲ့ရပြီး နောက်ဆုံးကစားခဲ့တဲ့ ဗီလာနဲ့ ကရာဘောင်းဖလားမှာတော့ ၂ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့ အမာခံ ကစားသမားတွေကို ဒီပွဲအတွက် အနားပေးခဲ့ပါတယ်။ အာဆင်နယ်ကလည်း လီဗာပူးနဲ့လိဂ်ဖလားပွဲမှာ လူငယ်အများစုကို ထုတ်သုံးခဲ့ပြီး အဓိကတိုက်စစ်မှူးတွေနဲ့ နောက်ခံလူတွေကို အနားပေးခဲ့တာပါ ။ဝုဗ်ခံစစ်မှာ ဘိုလီနဲ့ ဘမ်းနက်တို့ ဒဏ်ရာရနေတာကတော့ အခုလို ပွဲကျပ်ကာလမှာ အားနည်းနိုင်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ရဲ့ ခြေစွမ်းက အသင်းငယ်တွေနဲ့ ပွဲမှာတောင် တည်ငြိမ်မှု မရှိသေးတာကြောင့် ဒီပွဲလည်း သရေ တမှတ်လောက်နဲ့ ကျေနပ်ရဖို့များပါတယ်။

အက်စတွန်ဗီလာ-လီဗာပူး

အက်စတွန်ဗီလာနဲ့ လီဗာပူးတို့ရဲ့ပွဲစဉ်ကိုလည်း နိုဝင်ဘာ ၂ ရက်နေ့ည ၉နာရီခွဲမှာ မှာ ယှဉ်ပြိုင်ကစားကြမှာပါ။ ဗီလာက ဝုဗ်နဲ့ ကာရာဘောင်းဖလားမှာ အမာခံတချို့ကို ထုတ်သုံးခဲ့လို့ ဒီပွဲမှာ ပွဲပန်းမှုတချို့ ရှိလာနိုင်ပါတယ်။ လီဗာပူးကတော့ အာဆင်နယ်နဲ့ပွဲမှာ အမာခံကစားသမားအားလုံးကို အနားပေးခဲ့တာဖြစ်လို့ ဒီပွဲအတွက်ပိုပြီး လန်းဆန်းနေနိုင်ပါတယ်။ လက်ရှိခြေစွမ်းအရလည်း လီဗာပူးကို ဗီလာယှဉ်ကစားနိုင်ဖို့ ခက်ပါတယ်။ ဗီလာတို့ ရလဒ်မဆိုးပေမယ့်လည်း လီဗာပူးတိုက်စစ်က ဆာလာ၊ မာနေးနဲ့ ဖေမီနိုတို့ရဲ့ တိုက်စစ်တွဲလုံးတွေကို ပွဲပြီးတဲ့အထိ တောင့်ခံနိုင်ဖို့ မလွယ်ပါဘူး။ဒီပွဲလည်း လီဗာပူးပဲ နိုင်ပွဲဆက်မှာဖြစ်ပြီး ဂိုးလည်းပြတ်သွားဖို့ များပါတယ်။

ဝက်ဖို့ဒ်-ချဲလ်ဆီး

နောက်တပွဲကတော့ နိုဝင်ဘာ ၂ ရက်နေ့ည ၁၂ နာရီမှာ ကစားမယ့် ဝက်ဖို့ဒ်နဲ့  ချဲလ်ဆီးပွဲစဉ်ပါ။ ဝက်ဖို့ဒ်က ပွဲစဉ် ၁၀ ကစားပြီးတဲ့အထိ နိုင်ပွဲမရသေးဘဲ ၅ ပွဲသရေ ၅ ပွဲ ရှုံးရလဒ်နဲ့ အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေတာပါ။ ချဲလ်ဆီးကတော့ ခြေစွမ်းအတက်ဘက်ရောက်နေပြီး နောက်ဆုံး ပရီးမီးယားလိဂ် ၄ ပွဲလုံး အနိုင်ရထားပါတယ်။ အေဗရာဟမ်၊ မေဆန်မောင့်၊ ပူလီဆစ်တို့ရဲ့  တိုက်စစ်တွဲလုံးတွေက လျင်မြန်မှုရှိတာကြောင့် ဝက်ဖို့ဒ် ရုန်းကန်ရဦးမှာပါ။ တကယ်တော့ ဒယ်လိုဖူ၊ ပါရီယာ၊ ဒူကိုရေးတို့နဲ့ ဝက်ဖို့ဒ်ရဲ့ လူအင်အားက မဆိုးပေမယ့်လည်း အသင်းလိုက်ကစားပုံမှာ အားနည်းချက်တွေရှိနေပြီး တိုက်စစ်မှူး ဒီးနေ မကစားနိုင်တာကလည်း ဂိုးရဖို့ ရုန်းကန်နေရတာပါ။ အောက်ဆုံးကနေ ရုန်းထွက်ဖို့ ဝက်ဖို့ဒ်အားကုန်ရုန်းလာနိုင်ပေမယ့် ချဲလ်ဆီးပဲ အနိုင်ရသွားဖို့ များပါတယ်။

အဲဗာတန်-စပါး

နောက်ဆုံးပြောပြချင်တဲ့ပွဲကတော့ နိုဝင်ဘာ ၃ ရက်ည ၁၁ နာရီမှာ ကစားမယ့် အဲဗာတန်နဲ့ စပါးပွဲစဉ်ပါ။ အဲဗာတန်တို့ ပရီးမီးယားလိဂ် ၆ ပွဲမှာ ၁ ပွဲပဲအနိုင်ရခဲ့ပြီး ခြေစွမ်းပိုင်း စိတ်မချရတဲ့ အခြေအနေပါ။ စပါးကလည်း နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲပျောက်နေတာကြောင့် ရလဒ်ပိုင်းဆိုးရွားနေတဲ့ ၂ သင်း တွေ့ဆုံတဲ့ ပွဲစဉ်ပါ။ ခြေစွမ်းပိုင်းမှာတော့ စပါးအသင်းက ပိုမိုအသာရနေပြီး အဲဗာတန်အတွက် အိမ်ကွင်းဖြစ်နေတာကပဲ အားသာချက်တခု ဖြစ်နေပါတယ်။ နောက်ဆုံး ၅ ကြိမ်တွေ့ဆုံမှုမှာတော့ စပါးက ၄ ပွဲအထိ အနိုင်ရခဲ့ပြီး တပွဲသရေကျခဲ့ပါတယ်။ ဟယ်ရီကိန်း အဲရစ်ဆင်၊ ဆွန်ဟောင်မင်တို့ရဲ့ တိုက်စစ်ကို အဲဗာတန် ထိန်းဖို့ခက်တာကြောင့် စပါးအသင်းနိုင်ပွဲ ပြန်ယူဖို့များပါတယ်။

ဝဏ္ဏကို

Tags: ပရီးမီးယားလိဂ်ပွဲစဉ်သုံးသပ်ချက်အကြိတ်အနယ်၅ ပွဲ

  • Previous story မြွေတကောင်ကို ကိုယ်မှာပတ်ပြီး အိမ်ဝင်းထဲ ခေါ်လာတဲ့ ခွေးကလေး ရေပန်းစား
  • Next story မြဝတီ-ကော့ကရိတ်လမ်းတွင် ခရီးသည်တင်ယာဉ်တစီး မီးလောင် (ဓာတ်ပုံ)
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      မုန့်ဖက်ထုပ်ရောင်းပြီး မိသားစု ဝင်ငွေရှာပေးနေတဲ့ ၉ နှစ် ကလေးငယ် (ဓာတ်ပုံ)

    • gallery

      ဦးဝီရသူနှင့်အကျဥ်းသားများ ရုံးထုတ်ခွင့်ရရှိရေး ဆန္ဒပြ၊ ၁ ဦး ဖမ်းဆီးခံရ (ဓာတ်ပုံ)

    • gallery

      ကိုဗစ်ကာကွယ်ရေးအတွက် အဝါရောင်ကမ်ပိန်း တညင်းကုန်းဈေးတွင် ပြုလုပ် (ဓာတ်ပုံ)

    • gallery

      ကန်တော်ကြီး မြေပဒေသာကျွန်းရှိ စိုက်ပျိုးရေးဆိုင် မီးလောင်

    • gallery

      မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် ဝဇီရာရုပ်ရှင်ရုံဟောင်းတွင် ပိုစတာများပြသ (ဓာတ်ပုံ) 

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 ရန်ကုန်တိုင်း မြို့နယ်ပေါင်း ၂၀ ကျော် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မည်
    • 02 အင်ဒိုနီးရှားပျက်ကျလေယာဉ်၏ Black box  တည်ရှိရာနေရာ တွေ့ရှိ
    • 03 အောင်မင်္ဂလာ ကားဝင်းအတွင်း ကျပ်သိန်း ၉၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
    • 04 တူမ၏မဖွယ်မရာဓာတ်ပုံပြသခဲ့သည့် အမျိုးသား ၁ ဦးကို ဦးလေးဖြစ်သူက သတ်မှုဖြစ်ပွား
    • 05 မကွေးမြို့နယ်တွင် တရားမဝင် ဝက်ပေါ်နေမှုကို ဖမ်းဆီးရာက ရုန်းရင်းဆန်ခတ်ဖြစ်
    • 01 ဝယ်လက်မရှိသဖြင့် မုံရွာ ကျောက္ကာရေနံချက်ဖိုလုပ်ငန်း ၁၅၀ ခန့် ရပ်နား
    • 02 အသင်းတိုင်းကို အနိုင်ယူနိုင်သည့် ယုံကြည်ချက်ရှိဟု မက်ဂွိုင်းယား ပြော
    • 03 ဆလုံကျွန်းအနီး ငါးသယ်လှေနစ်မြုပ်၊ ရေကြောင်းရဲက ကူညီကယ်ဆယ်
    • 04 ကြို့ပင်ကောက် ရွှေညီလာခန်းမဆောင် ကွာရန်တင်းစင်တာကို ဦးဇင်းတပါးက မီးရှို့
    • 05 တန့်ဆည်မြို့တွင် မီးလောင်မှုကြောင့် နေအိမ် ၁ လုံးနှင့် ကား ၂ စီးဆုံးရှုံး
    • 01 အသင်းတိုင်းကို အနိုင်ယူနိုင်သည့် ယုံကြည်ချက်ရှိဟု မက်ဂွိုင်းယား ပြော
    • 02 လစ်ဗျား တာဟွန်နာမြို့တွင် အစုလိုက်မြှုပ်ထားသည့် မြေပုံထဲက အလောင်း ၂ လောင်း ထပ်တွေ့
    • 03 ဖာနန်ဒက်စ်ကို လီဗာပူးနည်းပြ ကလော့ပ်ချီးကျူး
    • 04 လားရှိုးတွင် ကျပ်သိန်း ၂၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
    • 05 ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ကို နီပေါ တောင်တက်သမားများ အောင်မြင်စွာ တက်ရောက်နိုင်
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.