ရန်ကုန်တိုင်း တန်ဆောင်တိုင် စတိတ်ရှိုးပွဲတော် ဗန္ဓုလပန်းခြံတွင် ကျင်းပမည်
DVB
·
November 1, 2019
ရန်ကုန်တိုင်းဒေသကြီး တန်ဆောင်တိုင်ပွဲတော်ကို ရန်ကုန်မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလ ပန်းခြံမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။
ဒီပွဲတော်မှာ အောင်ထက်၊ ဟဲလေး၊ လွှမ်းပိုင်၊ ရဲလေး၊ ဝေကြီး၊ မိစန္ဒီ၊ ရတနာမိုင်၊ ဝိုင်းလေးစတဲ့ နာမည်ကြီး တေးသံရှင်တွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေ၊ ဇွဲအငြိမ့်အဖွဲ့ရဲ့ ရယ်မောပျော်ရွှင်ဖွယ် အငြိမ့်ဖျော်ဖြေတင်ဆက်မှုတွေနဲ့ ကျင်းပသွားမှာဖြစ်ပြီး မည်သူမဆို အခမဲ့ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ဒီပွဲကိုတော့ လာမယ့် နိုဝင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ညနေ ၅ နာရီ စတင် ကျင်းပသွားမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။