မောင်းမကန်တွင် မီးလောင်၊ နေအိမ် ၈ လုံး ပျက်စီးဆုံးရှုံး
DVB
·
November 1, 2019
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာမှာ လျှပ်စစ်မီးဖိုအပူလွန်ကဲရာက မီးလောင်ကျွမ်းလို့နေအိမ် ၈ လုံး ပျက်စီးဆုံးရှုံးသွားပါတယ်။
မောင်းမကန်ရွာ ၁၂ (ခ) ရက်ကွက်ရှိ နေအိမ်တလုံးမှာ အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ လောက်က လျှပ်စစ်မီးဖို အပူအလွန်ကဲပြီး မီးလောင်ကျွမ်းရာက နေအိမ် ၈ လုံး ပျက်စီးဆုံးရှုံးခဲ့တာပါ။
မောင်းမကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က “မီးလောင်တဲ့ နေအိမ်တွေဟာ ဓနိမိုးအိမ်တွေ ဖြစ်တယ်လို့” ပြောပါတယ်။
အခုလိုမီးလောင်ခဲ့တဲ့ နေအိမ်တွေကို မွန်းလွဲ ၁ နာရီ မိနစ် ၄၀ မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အခုလို မီးလောင်တာနဲ့ပတ်သက်လို့ မီးစတင်လောင်ခဲ့တဲ့နေအိမ်ရဲ့ပိုင်ရှင် ဦးအေးစိုးကို မောင်းမကန်နယ်မြေ ရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅နဲ့ အမှုဖွင့်ထားပါတယ်။
သတင်း-တင့်လွင်