Home
မြန်မာသတင်း
ကယားပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မီတီများ စုပေါင်းရုံးဖွင့်လှစ်
နော်နိုရင်း
·
October 31, 2019
ကယားပြည်နယ်အတွင်းရှိ  တိုင်းရင်သားမျိုးနွယ်တွေအနေနဲ့ သူတို့ရဲ့ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုလုပ်ငန်းတွေလုပ်ဆောင်နိုင်ဖို့ ကယားပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ စုပေါင်းရုံး အဆောက်အအုံကို ဒီကနေ့ ဖွင့်လှစ်လိုက်ပါတယ်။  ဒီရုံးဟာ ၆ ခန်းတွဲ ၂ ထပ်တည်ဆောက်ထားတဲ့ အဆောက်အအုံသစ်ဖြစ်ပြီး အဓိကအားဖြင့် ကယားပြည်နယ်အတွင်းက ကယား၊ ကယန်း၊ ကယော၊ မနူးမနော်၊ ယင်းတလဲ၊ ကရင်၊ ဗမာ၊ ပအိုးဝ် လီဆူ အစရှိတဲ့ တိုင်းရင်းသား ၁၁ မျိုးက သူတို့ရဲ့စာပေနဲ့ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်လို့ တိုင်းရင်းသားအခွင့်အရေး ကာကွယ် စောင့်လျှောက်ရေး ဦးစီးဌာန ဒုညွန်မှူး ဦးစိုးမြင့်ထွန်းက ပြောပါတယ်။  “ကျနော်တို့က နဂိုက ဌာနဆိုင်ရာအဖွဲ့အစည်း၊ အခုဒါကတော့ ဒီအပြင်က စာပေယဉ်ကျေးမှု အဖွဲ့အစည်းတွေပေါ့။ ကယားပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေပေါ့။ ယား၊ ကယန်း၊ ကယော၊ မနူးမနော်၊ ယင်းတလဲ၊ ကရင်၊ ဗမာ၊ ပအိုဝ်း လီဆူ အစရှိတဲ့ တိုင်းရင်းသား ၁၁ မျိုးပေါ့နော်။ အဲဒီရဲ့စာပေယဉ်ကျေးမှုအဖွဲ့တွေ သူတို့က ရုံးထိုင်မှာပေါ့။ သူတို့ရဲ့စာပေလုပ်ငန်းတွေလုပ်မယ်။ ယဉ်ကျေးမှုလုပ်ငန်းတွေလုပ်မယ်။ အဲဒါပါပဲ။ ” အဆိုပါ တိုင်းရင်းသားစာပေနှင့်ကော်မတီများ စုပေါင်းရုံးအဆောက်အအုံကို  ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၁၇၈.၂ သန်းနဲ့ ဆောင်ရွက်ခဲ့ပြီး ရုံးခန်း ၁၂ ခန်းနဲ့  အစည်းအဝေးခန်း ၁ ခန်းတို့နဲ့ ထည့်သွင်းဖွဲ့စည်းတည် ဆောက်ထားပါတယ်။  ဒီကနေ့ အဆောက်အဦသစ် ဖွင့်ပွဲကို တက်ရောက်ခဲ့တဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက  တိုင်းရင်းသာတွေအတွက် အခုလို အခွင့်အရေးများ ရရှိပုံဖော်နိုင်ဖို့ ရာစုနှစ်ပေါင်းများစွာကတည်းက မျှော်လင့်ခဲ့ကြပြီး မိမိအနေနဲ့လည်းမျှော်လင့်သလို အလားတူ တိုင်းရင်းသားအားလုံးကလည်း မျှော်လင့်နေမှာဖြစ်ကြောင်း  ဒီအတွေးအမြင်တွေ ကိုယ်စီရှိ ကြမှာဖြစ်ပြီး မိမိတို့ရဲ့ အိပ်မက်တွေကို ယနေ့ အချိန်မှာ ဖော်ဆောင်နိုင်ခဲ့ပြီဖြစ်ပါကြောင်း သူ့ရဲ့အဖွင့်အမှာစကားမှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။  ဖွင့်ပွဲအခမ်းအနားကို ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအပါအဝင် အစိုးရအဖွဲ့ဝန်ကြီးဌာနတွေနဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတချို့ တက်ရောက်ခဲ့ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024