Home
မြန်မာသတင်း
ပုသိမ်မြို့တွင်  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက စာရွက်စာတန်းအချို့ မီးရှို့ဖျက်ဆီးခံရ
သော်ဇင်မျိုး
·
October 30, 2019
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲက စာရွက်စာတမ်းတချို့ အောက်တိုဘာ ၂၉ ရက် မနက် ၁ နာရီခွဲဝန်းကျင်လောက်က  မီးရှို့ခံခဲ့ရပါတယ်။ ဒီနေ့မနက် ၁ နာရီခန့်က မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် ပုသိမ်ဘဏ်ခွဲ မန်နေဂျာ ဦးထွန်းထွန်းဦးက ရုံးအပေါ်ထပ်မှာ မိသားစုနဲ့အတူ မနက်အလှူအတွက် ဟင်းချက်ပြုတ်ဖို့ လုပ်ဆောင်နေစဉ်မှာ မီးခိုးနံ့ရလို့ လိုက်လံရှာဖွေရာမှာ ရုံးအောက်ထပ်ကနေ မီးခိုးတွေ ထွက်ပေါ်နေတာကို တွေ့ရှိရတာပါ။  ဒါကြောင့် မီးသတ်တပ်ဖွဲ့ကို အကြောင်းကြားခဲ့ကြောင်းကြားပြီး မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ပုသိမ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာကပြောပါတယ်။ ရဲတပ်ဖွဲ့ကစစ်ဆေးရာမှာ ဘဏ်အနောက်ဖက်ရှိ ပြတင်းပေါက်မှာ ပွင့်နေပြီး ပြတင်းပေါက်အနီး နံရံအပြင်ဘက် တစ်ပေခန့်အကွာမှာ ဓာတ်ဆီတွေ ထည့်ထားတဲ့ ရေသန့်ဘူး နှစ်ဘူး တွေ့ရှိရပါတယ်။ ဒါ့အပြင် မီးလောင်ကျွမ်းခဲ့သွားတဲ့ ပြတင်းပေါက်အနီးက ရုံးခန်းအတွင်းက စားပွဲခုံတချို့‌အောက်မှာလည်း ဓာတ်ဆီတွေ ထည့်ထားတဲ့ ရေသန့်ဘူးတွေ  ထပ်မံတွေ့ရှိခဲ့ရတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက ပြော ပါတယ်။ စာရွက်စာတမ်းအနည်းငယ်သာလောင်ကျွမ်းခဲ့ပြီး အရေးကြီးတာတွေပါမသွားပေမယ့် လျှပ်စစ်ဝိုင်ယာရှော့လည်းမဟုတ် လောင်စရာမရှိဘဲ လောင်တာဖြစ်တာကြောင့် ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဘဏ် မန်နေဂျာ ဦးထွန်းထွန်းဦးက ပြောပါတယ်။ ပုသိမ်မြို့မရဲစခန်းကတော့ မီးလောင်ကျွမ်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး (ပ) ၇၀၅/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၄၃၆အရ အမှုဖွင့်စစ်ဆေး ဆောင်ရွက်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024