Home
မြန်မာသတင်း
မြန်မာ- ထိုင်းချစ်ကြည်ရေးတံတား အမှတ် ၂ စတင်ဖွင့်လှစ်
DVB
·
October 30, 2019
မြန်မာ၊ ထိုင်းနဲ့ အာရှနိုင်ငံတွေအကြား ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်နိုင်ဖို့အတွက်  မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ် ၂ တံတားကို အောက်တိုဘာ ၃၀ ရက် ဒီနေ့ မနက် ၉ နာရီမှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။ ချစ်ကြည်ရေးတံတားအမှတ်(၂)ဖွင့်ပွဲမှာ ထိုင်းကုန်တင်ကားကြီး ၃ စီးနဲ့ မြန်မာ ကုန်တင်ကားကြီး ၃ စီးနဲ့ နှစ်နိုင်ငံ သွားလာမှု စတင်လိုက်တာပါ။  တံတားဖွင့်ပွဲမှာ ထိုင်းနိုင်ငံဘက်က ပို့ဆောင်ရေးဝန်ကြီး စဆရမ်ချစ်ချော့က ဦးဆောင်ပြီး လမ်းဦးစီးဌာန၊ အကောက်ခွန်၊ လဝကနဲ့ စစ်တပ်အပါအဝင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ကြပြီး မြန်မာနိုင်ငံဘက်ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးဟန်ဇော် ဦးဆောင်တက်ရောက်ပါတယ်။ ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး ပို့ဆောင်ရေးဝန်ကြီး စဆရမ်ချစ်ချော့က “မြန်မာ-ထိုင်း  ကုန်စည်ပို့ဆောင်ရေးမှာ လျှင်မြန်စွာ ပို့ဆောင်နိုင်ဖို့အတွက် ဖြစ်တယ်။ နယ်စပ်ကုန်စည်ပို့ရာမှာ  ဝင်ငွေတွေ တိုးတက်လာတာမျိုးရှိပါတယ်”လို့ ပြောပါတယ်။ မဲဆောက်- မြဝတီနယ်စပ်မှာ တံတား အမှတ် ၁ ကနေ အရင်က ကားအဝင်အထွက် တနှစ် အစီးရေ ၂၃၀၀၀ ရှိပြီး တရက်ကို ကားအစီးရေ ၆၃၀ အဝင်အထွက်ရှိတယ်လို့ သိရပါတယ်။ လတ်တလောဖွင့်လှစ်ထားတဲ့ တံတားသစ်ကနေ မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်တင်ကားကြီး တနိုင်ငံကို အစီး ၁၀၀ ဖြတ်သန်းသွားလာခွင့် ပြုဖို့ နှစ်နိုင်ငံ သဘောတူထားပါတယ်။ အခုဖွင့်လှစ်လိုက်တဲ့ တံတားသစ်ကနေ ထိုင်းကုန်တင်ကားတွေဟာ မြဝတီမှ မော်လမြိုင် အထိ ကုန်စည်တွေ သွားရောက်ပို့ဆောင်နိုင်မှာဖြစ်သလို မြန်မာကုန်တင်ကားကြီးတွေလည်း  မဲဆောက်မှ မွန်ဒါဟန်နဲ့ မဲဆောက် လန်ချဘန် အထိ ကုန်စည်ပို့ဆောင်နိုင်မှာ ဖြစ်ပါတယ်။ မြန်မာ- ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၂)နဲ့ လမ်းတံတား အဆောက်အဦတွေ တည်ဆောက်ဖို့  ထိုင်းအစိုးရက ဘတ်ငွေသန်းပေါင်း ၄၃၀၀၀ အကုန်အကျခံထားတာ ဖြစ်ပါတယ်။ သတင်း - ဖိုးစီ၊ ဓာတ်ပုံ - သန့်ဇင်အောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024