အဂတိလိုက်စားမှု စွပ်စွဲချက်ဖြင့် ပါကစ္စတန်ဝန်ကြီးချုပ်နှင့် ၁၅ ဦးကို ဖမ်းဆီးရန် အမိန့်ထုတ်

၀န်ြကီးချုပ် ရာဂျာ ပါေဗးဇ်အာရှ်ရဖ်
1.5K
ပါကစ္စတန် ခြစားမှုဆန့်ကျင်ရေး တာဝန်ရှိသူတွေဟာ ၂၀၁၀ ခုနှစ်က အဂတိလိုက်စားမှု စွပ်စွဲချက်တွေနဲ့ ၀န်ကြီးချုပ်နဲ့ နောက်ထပ် လူ ၁၅ ဦးကို ဖမ်းဆီးဖို့ ဒီကနေ့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
ရာထူးအာဏာ ရရှိအောင် လုပ်ဆောင်တဲ့ စီမံကိန်းတွေမှာ အဂတိလိုက်စားတယ်လို့ စွပ်စွဲခံရသူအားလုံးကို ဖမ်းဆီးဖို့နဲ့ တရားရုံးကို အစီရင်ခံဖို့ ခြစားမှုတိုက်ဖျက်ရေး အစိုးရရုံး (အန်အေဘီ) အကြီးအကဲကိုလည်း နိုင်ငံတော် တရားသူကြီးချုပ်က အမိန့်ထုတ်ထားပါတယ်။
[caption id="attachment_35425" align="alignleft" width="150" caption="၀န်ကြီးချုပ် ရာဂျာ ပါဗေးဇ်အာရှ်ရဖ်"]
[/caption]
ဒီနေ့ မနက်ပိုင်း တရားရုံးအပြင်ဘက်မှာ မီဒီယာတွေ စုပြုံရောက်ရှိနေပြီး ရဲတပ်ဖွဲ့ကလည်း လုံခြုံရေး စစ်ဆေးမှုတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။
ဝန်ကြီးချုပ် ရာဂျာ ပါဗေးဇ်အာရှ်ရဖ်ဟာ သူ့ရဲ့နှစ်ရှည် အကျင့်ပျက်ခြစား ကျူးလွန်မှုအတွက် ချက်ချင်း ထိန်းသိမ်းခံရပါ့မလား ဆိုတာလည်း သံသယဖြစ်နေကြတာပါ။
ဝန်ကြီးချုပ်ရာထူး မတိုင်မီ ရေနဲ့ စွမ်းအင်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ချိန်က ဖြစ်ရပ်တွေအတွက် စွပ်စွဲထားချက်တွေကို စစ်ဆေးမေးမြန်းဖို့ သူ့ကို ဖမ်းဆီးခဲ့ရင်တောင် ပြစ်မှုစီရင်ချက် မချမှတ်ခင်အချိန်အထိ ၀န်ကြီးချုပ်ပါဗေးဇ်ဟာ သူ့ရာထူးတာဝန်မှာပဲ ရှိနေလိမ့်မယ်လို့ ရှေ့နေတွေက ပြောပါတယ်။