Home
မြန်မာသတင်း
“မင်းကိုလည်း ချစ်တယ် မိန်းမကိုလည်း ကြောက်တယ်”-တေးသံရှင်မနောသီချင်းသစ်(ရုပ်သံ)
DVB
·
October 30, 2019
       “မလာချင်စမ်းပါနဲ့… ကိုယ့်ဘဝလေးထဲကို… မင်းလာရင်တော့ ပြည့်စုံတယ်… ပြောတော့ သိပ်လွယ်တယ်… စိတ်ကူးမယဉ်နဲ့… ချစ်နေတာနဲ့ ပြည့်စုံတယ်… ဝေးဝေး ကသာ မြင်ရုံလေးပဲ”        ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ တေးသံရှင် မနောရဲ့ သီချင်းသစ် တပုဒ်ထဲက စာသားတွေ ဖြစ်ပြီး ပရိသတ်တွေကြားထဲမှာ ရေပန်းစားနေခဲ့ပါတယ်။        “မင်းကိုလည်း ချစ်တယ် မိန်းမကိုလည်း ကြောက်တယ်”လို့ ခပ်ဆန်းဆန်း အမည် ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး ကိုအေး(ပခုက္ကူ)က ရေးဖွဲ့ပေးထားတာဖြစ်ပြီး Dream Lover တေးဂီတအဖွဲ့က တီးခတ်ပေးထားတာ ဖြစ်ပါတယ်။        ဗိုလ်အောင်ဒင်သီချင်းနဲ့ နာမည်ကြီးတဲ့ တေးသံရှင်မနောရဲ့ ဒီသီချင်းရုပ်သံဗွီဒီယို ဖိုင်ထဲမှာရော ဘယ်လိုထူးခြားတဲ့ တင်ဆက်ပုံတွေနဲ့ ဖန်တီးထားမလဲဆိုတာကို ပရိ သတ်တွေက ခံစားနားဆင်ကြရမှာပါ။        “တကယ်ပါ… မင်းကိုလည်း ချစ်တယ်… မိန်းမကိုလည်း ကြောက်တယ်… ကိုယ် ဘယ်လို နေရမလဲကွယ်… တကယ်ပါ… မင်းကိုလည်း ချစ်တယ်… မိန်းမကိုလည်း ကြောက်တယ်… ပိုင်ဆိုင်သူရှိနှင့်လို့ရယ်… ဝင်လာပါ မခေါ်ရက်ဘူးကွယ်”        ဇာတ်လမ်းသရုပ်ဖော်ပုံစံ ဖန်တီးရိုက်ကူးထားတဲ့ သီချင်းရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တော့ တေးသံရှင် မနောနဲ့အတူ သရုပ်ဆောင် ရွှေပိုးအိမ်၊ ဟာသသရုပ်ဆောင် ဖြူဖြူထွေး တို့နဲ့ တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။        ဒီသီချင်းကိုတော့ Tay Than Thar Music ကနေ တင်ဆက်လိုက်တာဖြစ်ပြီး မြူး ကြွတဲ့ သံစဉ်နဲ့ သရုပ်ဆောင်မှုတွေနဲ့အတူ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024