Sunday, May 28, 2023
Homeသတငျးတိုပြည်ထောင်စုဝန်ကြီး နှစ်ဦးကို ရာထူးမှ နုတ်ထွက်ခွင့်ပြု

ပြည်ထောင်စုဝန်ကြီး နှစ်ဦးကို ရာထူးမှ နုတ်ထွက်ခွင့်ပြု

မြန်မာအစိုးရအဖွဲ့ထဲက ပြည်ထောင်စု ၀န်ကြီး ၂ ဦးကို  နိုင်ငံတော်သမ္မတက  ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်တယ်လို့  ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

နုတ်ထွက်သွားတဲ့ ၀န်ကြီးတွေကတော့ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာ ၀န်ကြီး ဦးသိန်းထွန်းနဲ့ သာသနာရေးဝန်ကြီးဌာန ၀န်ကြီး သူရ ဦးမြင့်မောင်တို့ဖြစ်ပါတယ်။

အဆိုပါဝန်ကြီး ၂ ဦးဟာ သူတို့ရဲ့သဘောဆန္ဒအလျောက် ရာထူးက နုတ်ထွက်ခွင့်ပြုလိုက်တာလို့ ဖော်ပြထားပြီး  နုတ်ထွက်သွားရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး အသေးစိတ်ဖော်ပြထားခြင်းမရှိပါဘူး။ ဒါ့ပြင် အနားယူသွားတဲ့ ၀န်ကြီးတွေနေရာမှာ ဘယ်သူတွေကို အစားထိုးခန့် အပ်မယ်ဆိုတာကိုလည်း ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular