ရင်ခွင်မဲ့ကလေးများ ကာကွယ်စောင့်ရှောက်ရန် ဘိုကလေးမြို့တွင် စတင်ဆောင်ရွက်
DVB
·
October 30, 2019
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့မှာ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးများ လျော့ချရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးအသင်းရုံးကို အောက်တိုဘာလ ၃၀ ရက်နေ့က စတင် ဖွင့်လှစ်လိုက်ပါတယ်။
အသင်းအနေနဲ့ ရင်ခွင်မဲ့ကလေးများဖြစ်ခြင်းကိုလျော့ချဖို့ အသိပညာပေးတဲ့လုပ်ငန်းတွေ ရင်ခွင်မဲ့ကလေးငယ်တွေကို ကာကွယ်စောင့်ရှောက်တဲ့လုပ်ငန်းတွေနဲ့ တကိုယ်ရေမိခင်တွေ လျော့ချဖို့နဲ့ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေကို အဓိကထား လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ဘိုကလေးမြို့ အမှတ် ၃ ရပ်ကွက် ဒုတိယလမ်းမှာတည်ရှိတဲ့ အသင်းရုံးခန်းကို မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးများလျော့ချရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးအသင်း ဧရာဝတီတိုင်းဒေသကြီး နာယက ဒေါခင်နှင်းညို က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။