YUPT ကုမ္ပဏီဥက္ကဋ္ဌ နုတ်ထွက်ရန်နှင့် အကျိုးအမြတ်ပေးရန် အစုရှယ်ယာရှင်များတောင်းဆို
DVB
·
October 30, 2019
ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလိမိတက် (YUPT) ရဲ့ ၃ နှစ်တာ ကာလအတွင်း အကျိုးအမြတ်တွေပေးဖို့နဲ့ ကုမ္ပဏီဥက္ကဋ္ဌ နုတ်ထွက်ဖို့ အစုရှယ်ယာရှင်တွေက တရားဝင် တောင်းဆိုလိုက်ပါတယ်။
ဒီနေ့ အောက်တိုဘာလ ၃၀ ရက်နေ့က ရန်ကုန်မြို့၊ Grand Gandamar Ballroom မှာပြုလုပ်တဲ့ YUPT ကုမ္ပဏီရဲ့ ဒုတိယအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေ အစည်းအဝေးနဲ့ ဒုတိယအကြိမ်မြောက် ဒါရိုက်တာရွေးချယ်ပွဲမှာ ရှယ်ယာရှင်တွေက တောင်းဆိုခဲ့တာဖြစ်ပါတယ်။
အစုရှယ်ယာဝင်တွေဟာ ၃ နှစ်အတွင်းရရှိခဲ့တဲ့ အကျိုးအမြတ်တောင်းဆိုမှုတွေအပြင် YUPT ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးဇော်ထွန်းကို အလိုမရှိကြောင်းနဲ့ နုတ်ထွက်ပေးဖို့ပါ တောင်းဆို ခဲ့ကြပါတယ်။
YUPT ကုမ္ပဏီဥက္ကဌ ဦးဇော်ထွန်းကတော့ ကုမ္ပဏီ အရှုံးပေါ်နေတယ်လို့ မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။