အာဆီယံထိပ်သီး အစည်းအဝေးတက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသွားမည်
DVB
·
October 29, 2019
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ (၃၅) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနဲ့ ဆက်စပ်ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ဖို့ ထိုင်းနိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ပရာယုဒ်ချန်အိုချာရဲ့ ဖိတ်ကြားချက်အရ မကြာမီကာလအတွင်း ထိုင်းနိုင်ငံသို့ သွားရောက်မှာလို့ အစိုးရပြန်ကြားရေးက က သတင်းထုတ်ပြန်ပါတယ်။
(၃၅) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနဲ့ ဆက်စပ်ထိပ်သီး အစည်းအဝေးတွေကို အောက်တိုဘာ ၃၁ ရက်ကနေ နိုဝင်ဘာ ၄ ရက်အထိ ထိုင်းနိုင်ငံဘန်ကောက် မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။