DVB

Eng
TV News
  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
DVB

Lead Story နိုင်ငံတကာ သတင်း သဘာဝပတ်ဝန်းကျင်/ရာသီဥတု

ကယ်လီဖိုးနီးယား ဝိုင်အရက်ထုတ်ဒေသတွင် တောမီး ဆက်တိုက်လောင်နေ

  • By DVB
  • 28 October 2019
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ကုန်းတွေနဲ့ ဝိုင်ထုတ်လုပ်တဲ့ ဧရိယာတွေမှာ တောမီး ဆက်တိုက်လောင်နေတာကြောင့် အောက်တိုဘာ ၂၇ ရက်နေ့မှာတော့ ဒေသခံ အယောက် ၁၃၀၀၀၀ ကို ဘေးလွတ်ရာထွက်ပြေးကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

လာမယ့်ရက်တွေမှာ လေပြင်းတွေ တိုက်ခတ်နိုင်တဲ့ ရာသီဥတု ခန့်မှန်းချက်တွေကြောင့် မီးဘေးသင့်ဒေသခံ အရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ကယ်လီဖိုးနီးယား သစ်တောနဲ့ မီးသတ်ဌာနပြောခွင့်ရ  လောရန်ရော်ဘတ်ဆင်က ပြောပါတယ်။ 

ဆိုနိုမာဒေသက ဟီးစ်ဘတ်မြို့နဲ့ ဝင်ဆာမြို့တို့ဟာ တောမီး အန္တရာယ်ကျရောက်ခဲ့ပြီး လက်ရှိမှတော့ ဆန်တာရိုဆာမြို့ တောင်ဘက်ကနေ မြောက်ဘက်အထိ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ သတိပေးချက် ထုတ်ပြန်ထားရတယ်လို့ ရော်ဘတ်ဆင်က ဆက်ပြောပါတယ်။

လော့အန်ဂျလိစ့် ဆင်ခြေဖုံးမှာ Tick Fire တောမီးလောင်ကျွမ်းတာနဲ့အတူ Kincade Fire တောမီးဟာ ပူပြင်းခြောက်သွေ့တဲ့ အခုနှစ် တောမီးရာသီအတွင်း ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အကြီးဆုံး တောမီး ဖြစ်ပါတယ်။

စနေနေ့ညပိုင်းက လေပြင်းတိုက်ခတ်နိုင်တဲ့ ရာသီဥတုခန့်မှန်းချက်ကြောင့် ကယ်လီဖိုးနီး ယားပြည်နယ်ရဲ့ ဒေသ ၃၈ ခုက ဒေသခံ ၉၀၀၀၀ ကျော်ရဲ့ နေအိမ်တွေမှာ လျှပ်စစ်မီးတွေ ဖြတ်တောက်ထားရပါတယ်။

မနေ့မနက်အစောပိုင်းမှာတော့ မီးသတ်သမားနဲ့ တခြားဝန်ထမ်း ၃၀၀၀ ကျော်ဟာ ဧက ၃၀၀၀၀ ကျော်ကို ဝါးမျိုခဲ့တဲ့မီးကို ကြိုးပမ်းငြှိမ်းသတ်နေပါတယ်။ အဲဒီတောမီးကြောင့် နေအိမ် အဆောက်အအုံ ၈၀ နီးပါး ပျက်စီးခဲ့ပြီး နောက်ထပ် အဆောက်အအုံ ၃၀၀၀၀ ကျော်ဟာလည်း တောမီး ဝါးမြိုခံရနိုင်တဲ့ အန္တရာယ်ကျရောက်နေပါတယ်။

ကယ်လီဖိုနီးယား ပြည်နယ်မှာ တောမီးလောင်နေတာ လေးရက်ဆက်တိုက် ရှိနေပြီး မီးစလောင်ရတဲ့ အကြောင်းအရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေဆဲပဲလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ 

Tags: ကယ်လီဖိုးနီးယားဆက်တိုက်လောင်နေတောမီးဝိုင်အရက်ထုတ်ဒေသ

  • Previous story တပ်မတော်ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တစ်ဆို့နေဟု RCSS /SSA ဝေဖန် 
  • Next story ပြိုင်ပွဲဝင် ၁၁ ဦး လျှောက်လှမ်းကြရမည့် စတုတ္ထမြောက် Myanmar Idol ခရီးလမ်း(ရုပ်သံ)
  • Facebook

    Facebook

    Jobs at DVB

    Ethnic

    သုတကေဖး

    DVB SMS

  • သတင်းဓာတ်ပုံ

    • gallery

      ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် သိပ္ပံပွဲခင်းကျင်းပနေ

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 ဂျီနိုစိုက်အရေး အဖြေရှာတွေ့ပြီ 
    • 02 ICJ တရားရုံးတွင် ပါမောက္ခ မစ္စ ဖိုဘီအိုကိုဝါ၏ ထွက်ဆိုချက်
    • 03 ဝီဂါကလေးများကို အကြမ်းဖက်တိုက်ခိုက်နည်း သင်တန်းပေး (ရုပ်သံ)
    • 04 လူမျိုးတုံးသတ်ဖြတ်ခြင်းမရှိဟု ICJ တရားရုံး၌ ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲ
    • 05 ကြားဖြတ်တားဆီးမိန့်ချမှတ်ပေးရန်  ICJ ထံ ဂမ်ဘီယာနိုင်ငံ၏ ပန်ကြားချက် (၅) ချက် 
    • 01 ရင်ဖွင့်စာ
    • 02 White Island ကျွန်း မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၅ ဦးရှိပြီ
    • 03 မီးရှို့သတ်ခံရသည့် အမျိုးသမီးအရေး နယူးဒေလီတွင် ချီတက်ဆန္ဒပြ
    • 04 ရသေ့တောင်တွင် တပ်မတော်နှင့်အေအေ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်၊ ဒေသခံများ ထွက်ပြေး
    • 05 နယူးဇီလန်တောင်ပိုင်း အရေးပေါ်အခြေအနေ ထုတ်ပြန်၊ ကမ်းပါးတခု ကြောက်မက်ဖွယ်ပြိုကျ (ရုပ်သံ)
    • 01 White Island ကျွန်း မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၅ ဦးရှိပြီ
    • 02 ယူနိုက်တက်အသင်း လူငယ်ကစားသမားများနှင့် ဆုဖလားရရန် လုပ်မည်ဟု တွန်မီနေးပြော
    • 03 မလေးရှားဝန်ကြီးချုပ်ကို ကာတာတက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်
    • 04 ဒါဘီအသင်းနှင့်အတူ အောင်မြင်မှုရယူရန် ရွန်နီ မျှော်လင့်
    • 05 နေပြည်တော်လေဆိပ်သို့ ပြန်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ)
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.