တောင်သာမြို့နယ်တွင် ဗုဒ္ဓကျောက်ဆင်းတု ၃ ဆူ ပျောက်ဆုံး
DVB
·
October 27, 2019
မန္တလေးတိုင်း တောင်သာမြို့နယ် နယ်ကူးကျေးရွာ နယ်ကူးကျောင်းတိုက်ဝင်းအတွင်း နှစ်ပေါင်း ၁၀၀ ကျော်က ပူဇော်ထားတဲ့ ဗုဒ္ဓကျောက်ဆင်းတု ၃ ဆူ ပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၆ ရက်နေ့ မနက် ၆ နာရီလောက်က တောင်သာမြို့နယ်၊ နယ်ကူးကျေးရွာနေ အောင်ထွေး ဆိုသူက နယ်ကူးကျောင်းတိုက်ဝင်းအတွင်း အရိုးဘုရားစေတီမှာ အရုဏ်ဆွမ်းသွားကပ်စဉ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်လောက်ကတည်းက ပူဇော်ထားတဲ့ ထိုင်တော်မူ ဗုဒ္ဓကျောက်ဆင်းတု ၃ ဆူ (ဉာဏ်တော် ၂ ပေခွဲ ၁၊ ၃ ပေ ၂) ပျောက်ဆုံးနေတာ တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြထားပါတယ်။
ဂေါပကဥက္ကဋ္ဌ ဦးစိန်ညိုရဲ့ တိုင်တန်းချက်အ၇ ဗုဒ္ဓကျောက်ဆင်းတုတော်တွေ ခိုးယူသွားသူ (စိစစ်ဆဲ)အား တောင်သာမြို့မရဲစခန်း ရာဇသတ်ကြီးပုဒ်မ ၃၈၀/၂၉၅ နဲ့ အမှုဖွင့်စုံစမ်းနေတယ်လို့ သိရပါတယ်။