Home
မြန်မာသတင်း
အမည်ပျက်စာရင်းသွင်းခံရသည့် ကုမ္ပဏီများစာရင်း ထုတ်ပြန်
ပိုင်စိုး
·
October 26, 2019
ဝန်ကြီးဌာနတွေကနေ အမည်ပျက်စာရင်းသွင်းခံရတဲ့ ကုမ္ပဏီတွေစာရင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ ဝန်ကြီးဌာန ၉ ခုဆီက စာရင်းတော့ တောင်းခံထားဆဲဖြစ်ပြီး သမ္မတရုံးဝန်ကြီးဌာန၊ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး၊ ဟိုတယ်နဲ့ခရီးသွားလာရေး၊ တိုင်းရင်းသားလူမျိုးများရေးရာနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့ဆီက စာရင်းမရသေးတာ ဖြစ်ပါတယ်။ ပြီးတော့ ပြန်ကြားရေး၊ သာသနာရေးနဲ့ ယဉ်ကျေးမှု၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား၊ စက်မှု၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး၊ ကျန်းမာရေးနဲ့ အားကစား၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့မှာတော့ အမည်ပျက်စာရင်းသွင်းထားတဲ့ ကုမ္ပဏီမရှိဘူးလို့ ဆိုပါတယ်။ အမည်ပျက်စာရင်း အများဆုံးသွင်းထားတဲ့ ဌာနကတော့ ပညာရေးဝန်ကြီးဌာနဖြစ်ပြီး ကုမ္ပဏီ ၁၈ ခုကို အမည်ပျက်စာရင်းသွင်းထားပါတယ်။ ဒီကုမ္ပဏီတွေထဲမှာ ဖော်ပြထားသလောက်တော့ ပိုင်ရှင်တူပေမယ့် နာမည်ကွဲတဲ့ ကုမ္ပဏီတွေပဲဖြစ်နေတာကို တွေ့ရပါတယ်။ ဒီလိုပဲ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနဟာလည်း နာမည်ဆင်တူကုမ္ပဏီ ၃ ခုကို အမည်ပျက်စာရင်းမှာ ထည့်ထားတာ တွေ့ရပါတယ်။ ဒီကုမ္ပဏီတွေဟာ ဝန်ကြီးဌာနတွေဆီကနေ တည်ဆောက်ရေးလုပ်ငန်းတွေ ရယူလက်ခံ လုပ်ဆောင်ခဲ့ပြီး အရည်အသွေးမမီတာ၊ သက်မှတ်စည်းကမ်းတွေ ဖောက်ဖျက်တာ စတဲ့ ပြစ်ချက်တွေကြောင့် အခုလို အမည်ပျက်စာရင်းသွင်းခံရတာပါ။ အခုထုတ်ပြန်တဲ့စာရင်းအရ ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်မှာ ထုတ်ပြန်တဲ့စာရင်းကို ပယ်ဖျက်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ကြေညာပြီး တိုင်းနဲ့ပြည်နယ် အစိုးရတွေဆီက အမည်ပျက်စာရင်းတွေတော့ မပါသေးပါဘူး။ ပြီးခဲ့တဲ့ကာလတွေမှာ တိုင်းနဲ့ပြည်နယ်အစိုးရတွေရဲ့ အမည်ပျက်စာရင်းသွင်းခံရတဲ့ ကုမ္ပဏီတွေဟာ အမည်ပြောင်းတာ၊ တခြား တိုင်းနဲ့ပြည်နယ် အစိုးရတွေရဲ့ တင်ဒါတွေ ဝင်ရောက်လုပ်ကိုင်တာတွေ ရှိခဲ့ပါတယ်။ အမည်ပျက်စာရင်းသွင်းခံရသည့် ကုမ္ပဏီများစာရင်း–
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024