A d v e r t i s e m e n t With Us

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နှင့် ဒုသမ္မတ တွေ့ဆုံ

မစ္စတာ ဗီေဂျနမ်ဘီးယားနှင့် ဒုသမ္မတ ေတွ့ဆုံစဉ် (Photo -www.president-office.gov.mm)
[caption id="attachment_35368" align="alignleft" width="300" caption="မစ္စတာ ဗီဂျေနမ်ဘီးယားနှင့် ဒုသမ္မတ တွေ့ဆုံစဉ် (Photo -www.president-office.gov.mm)"][/caption] ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီးယားဟာ မြန်မာနိုင်ငံမှာ ၃ ရက်ကြာ ရောက်ရှိနေပြီး မနေ့က နေပြည်တော်မှာ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံရာမှာ ပဋိပက္ခ္ခဒေသတွင်း ပညာရေးနဲ့ ကျန်းမာရေးအကူညီတွေပေးဖို့၊ ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာမှုအကူအညီတွေ ပိုပေးနိုင်ရေးနဲ့ အယ်လ်ဂျာဇီးယားသတင်းဌာနရဲ့ မဟုတ်မမှန် သတင်းထုတ်လွှင့်ချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ ဗီဂျေနမ်ဘီယာဟာ မြန်မာနိုင်ငံကနေ ဒီကနေ့ ပြန်လည် ထွက်ခွာဖို့ ရှိတယ်လို့ ကုလသမဂ္ဂ ရန်ကုန်ရုံးက ပြောပေမယ့် ခရီးစဉ်နဲ့ ပတ်သက်ပြီး အသေးစိတ်ပြောဆိုခြင်း မရှိပါဘူး။

A d v e r t i s e m e n t With Us

More News
Up