A d v e r t i s e m e n t With Us

အိန္ဒိယနှင့်ပါကစ္စတန် နယ်စပ်ဖြတ်ကျော် ဘုရားဖူးသွားလာခွင့် သဘောတူ

Photo : Bureau/Handout via REUTERS
အိန္ဒိယအစိုးရနဲ့ ပါကစ္စတန်အစိုးရတို့ဟာ နယ်စပ်ဖြတ်ကျော် ဘုရားဖူးသွားလာခွင့်ပြုဖို့ အောက်တိုဘာ ၂၄ ရက်နေ့မှာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။  အိန္ဒိယဘုရားဖူးတွေကို ပါကစ္စတန်နိုင်ငံထဲက ဆစ်ခ်ဘုရားကျောင်းကို လာရောက်ဖူးမြော်ခွင့် ပေးလိုက်တဲ့ သဘာတူညီချက်ဟာ တင်းမာမှုတွေ မြင့်တက်နေတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်အကြား ရှားရှားပါးပါး ပူးပေါင်းမှုတခုလည်း ဖြစ်ပါတယ်။    အိန္ဒိယနဲ့ ပါကစ္စတန်ဟာ နျူကလီးယား လက်နက်ပိုင်ဆိုင်ထားကြတဲ့ ပြိုင်ဘက် အိမ်နီးချင်းတွေပါ။ အဲဒီသဘောတူညီချက်အရ အိန္ဒိယနိုင်ငံကနေ ပါကစ္စတန်နိုင်ငံ ကာတာပူအာမြို့ဆီကို ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်နဲ့ သွားလာလို့ရမှာ ဖြစ်ပါတယ်။  ကာတာပူအာမြို့မှာ တည်ရှိတဲ့ ဆစ်ခ်ဘုရားကျောင်းဟာဆိုရင် ဆစ်ခ်ဘာသာကို တည်ဆောင်သူ ဂုရု နာနတ်ခ် ကွယ်လွန်ခဲ့တဲ့ အထိမ်းအမှတ်နေရာ ဖြစ်ပါတယ်။  နိုဝင်ဘာ ၉ ရက်နေ့မှာ ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်က အိန္ဒိယ ဘုရားဖူးတွေအတွက် တရားဝင် နယ်စပ်ဖွင့်ပေးသွားမယ်လို့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဖိုင်ဇယ်က ပြောပါတယ်။  ဆစ်ခ်ဘာသာဟာ ၁၅ ရာစုနှောင်းပိုင်းလောက်မှာ အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ စတင်ပေါ်ပေါက်လာခဲ့တာပါ။ ၂၁ ရာစု အစောပိုင်းမှာတော့ တကမ္ဘာလုံးမှာ ဆစ်ခ်ဘာသာဝင်ပေါင်း ၂၅ သန်းနီးပါးရှိပြီး အများစုကတော့ ပန်ဂျပ်ပြည်နယ်မှာ နေထိုင်ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up