အစိုးရဝန်ထမ်းများကို လစာတိုးပေးမည့်သတင်း မဟုတ်မှန်ဟု သမ္မတရုံးပြော (ရုပ်သံ)
အောင်ဆန်းဦး
·
October 25, 2019
အစိုးရဝန်ထမ်းတွေကို လစာနဲ့ ဆုကြေးငွေတွေ တိုးမြှင့်ပေးမယ်ဆိုတဲ့ သတင်းတွေ နဲ့ပတ်သက်ပြီး မှန်ကန်မှုမရှိတဲ့အကြောင်းနဲ့ လစာတိုးဖို့ ဘတ်ဂျက်လျာထားတာမရှိဘူးလို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြား လိုက်ပါတယ်။
“၅၄၀၀၀ စီပေးဖို့ဆိုတာ ဘတ်ဂျက်ရှိမှရမှာ၊ ဘတ်ဂျက်လည်းလျာထားတာ မရှိဘူး အဲတော့ ဒါကတော့ မဟုတ်ပါဘူး။ ဘတ်ဂျက်လျာထားဖို့လိုတယ်။ ဒီဟာတွေကို လိုက်ပြီးမေးတယ်၊ မေးတော့ စီမံဘဏ္ဍာကလည်း မသိဘူးပြောတယ်။ သူတို့ လုပ်ထားတာ မရှိဘူးလို့ပြောတယ်။ ကျနော်တို့ သမ္မတရုံးနဲ့ အစိုးရအဖွဲ့ရုံးကလည်း ညွှန်ကြားထားတာရှိလားလို့ မေးတော့လည်း မရှိဘူး။ မရှိတော့ ဒါကတော့ ပြောနိုင်တာကတော့ ကောလာဟလပဲရှိတယ်။ ကျနော်တို့ သိသမျှကတော့ အစီအစဉ် မရှိပါဘူး။” လို့ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ နိုင်ငံဝန်ထမ်းတွေကို ကျပ် ၅၀၀၀၀ ဒါမှမဟုတ် ၅၄၀၀၀ တိုးမြှင့်ပေးမယ်လို့ ကောလာဟလ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။