ပုဂံညောင်ဦး ကားလမ်းဘေးတွင် အမည်မသိ အမျိုးသားအလောင်းတွေ့
DVB
·
October 25, 2019
မန္တလေးတိုင်း၊ ချောက်- ပုဂံညောင်ဦး ကားလမ်းဘေးမှာ အောက်တိုဘာ ၂၄ ရက် ညနေ ၄ နာရီခွဲလောက်က အမည်မသိ ပုတ်ပွနေတဲ့ အမျိုးသားအလောင်း တလောင်းကို တွေရှိခဲ့တယ်လို့ ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေ ရဲစခန်းက သိရပါတယ်။
ချောက်- ပုဂံညောင်ဦးကားလမ်း မိုင်တိုင်အမှတ် ၁၄ အနီး ပြည်တော်သာကျေးရွာနဲ့ မီးလောင်ဖျားရွာအကြားလမ်းဘးက ရေမရှိတဲ့ ရေမြောင်းအတွင်းမှာ ပုတ်ပွနေတဲ့ အမည်မသိ အမျိုးသားအလောင်းကိုတွေရှိခဲ့တာလို့ နယ်မြေစခန်းက ဒုရဲအုပ် လွင်မောင်ထံက ပြောပါတယ်။
သေဆုံးသူမှာ ပြင်ပဒဏ်ရာမတွေ့ရဘဲ သေဆုံးမှုနဲ့ ပတ်သက်ပြီး ဆေးစစ်ချက်ရယူဖို့ ညောင်ဦးဆေးရုံကို ပို့ဆောင်ထားပြီး ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့် ဆောင်ရွက်နေပါတယ်။