Home
မြန်မာသတင်း
 ၅ နှစ်အောက် ကလေး ၄၅,၀၀၀ ခန့် လက်ဆေးခြင်းဖြင့် ကာကွယ်နိုင်သည့် ရောဂါဖြင့်သေဆုံး
DVB
·
October 24, 2019
မြန်မာနိုင်ငံမှာ နေ့စဉ်အသက် ၅ နှစ်အောက် ကလေးငယ်ပေါင်း ၄၅,၀၀၀ လောက်က လက်ဆေးခြင်းဖြင့် ကာကွယ်နိုင်တဲ့ ရောဂါနဲ့ သေဆုံးနေတယ်လို့  ကမ္ဘာလက်ဆေးရေးနေ့ ပညာပေးပွဲက သိရပါတယ်။  ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ကလေးသေဆုံးမှုနှုန်းတွေက အသက်ရှင်လျက်မွေးဖွားတဲ့ ကလေးအယောက် ၁၀၀၀ မှာ ၄၆ ယောက်က သေဆုံးနေပြီး ဒေသအတွင်း ပျမ်းမျှနှုန်းထားတွေထက် အနည်းငယ် မြင့်တက်နေတယ်လို့ ဆိုပါတယ်။   ၅ နှစ်အောက် ကလေးငယ်တွေ သေဆုံးမှုမှာတော့ လေးပုံတပုံက ဝမ်းပျက်၊ ဝမ်းလျှော၊ အဆုတ်ရောင်ရောဂါ အစရှိတဲ့ ကာကွယ်နိုင်တဲ့ ရောဂါတွေနဲ့ သေဆုံးတာတွေ ဖြစ်ပွားနေတာပါ။ ကလေးသူငယ်များ သေဆုံးမှုလျော့ပါးလာစေဖို့ လက်ဆေးခြင်းရဲ့ အရေးပါပုံကို  အသိပညာပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။   အောက်တိုဘာ ၂၅ ရက် ကမ္ဘာလက်ဆေးရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် အောက်တိုဘာလ ၂၃ ရက်နေ့က ရန်ကုန်မြို့ အ.ထ.က ၄ အလုံမှာ လက်ဆေးတာကြောင့် ကလေးငယ်တွေရဲ့ အသက်အကို အကာကွယ်ပေးနိုင်တဲ့အကြောင်းကို အသိပညာပေးပွဲ ကျင်းပ ခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ ကလေးသူငယ်တွေရဲ့ အသက်ဆုံးရှုံးမှု လျော့ချစေဖို့နဲ့ လက်ကို စင်ကြယ်စွာ ဆေးကြောခြင်းက ဝမ်းပျက်၊ ဝမ်းလျောတာ၊ အဆုတ်ရောင်တာတွေကို အထိရောက်ဆုံး ကာကွယ်နိုင်တဲ့ နည်းလမ်းဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။   ကလေးငယ်တွေ လက်ဆေးကြောဖို့အတွက် ပညာပေးအစီအစဉ်ကို လာမယ့် ၂၀၂၀ ခုနှစ်အတွက်  မြန်မာနိုင်ငံက လူဦးရေ သန်း ၂၀ အထိ မျှဝေနိုင်ဖို့ မျှော်မှန်းထားပြီး၊ အခု ၂၀၁၉ ခုနှစ်မှာတော့ လူဦးရေ ၁၅ သန်းအထိ မျှဝေပေးနိုင်ခဲ့ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024