မွန်ပြည်သစ်ပါတီနှင့် ကေအန်ယူတို့ အပြန်အလှန်ပစ်ခတ်မှု ထပ်မံဖြစ်ပွား
DVB
·
October 24, 2019
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအုပ်စု၊ ငါးကလေးချောင်းရွာအနီးအနား ပတ်ဝန်းကျင်မှာ အောက်တိုဘာ ၂၃ ရက် ညနေပိုင်းက မွန်ပြည်သစ်ပါတီနဲ့ ကေအန်ယူတို့ အပြန်အလှန်ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။
နှစ်ဖက်တပ်တွေ နာရီဝက်နီးပါး ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နောက် လက်နက်ငယ်ထိမှန်ပြီး မွန်ပြည်သစ်ပါတီဘက်က တပ်သားအဆင့် တစ်ဦး ကျဆုံးခဲ့ပါတယ်။
အဲဒီလို တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဒေသခံ ခြံအလုပ်သမားတွေက အလုပ်ဆက်လက် မလုပ်ကိုင်ရဲတော့ပဲ တိုက်ပွဲတွေ ထပ်မံ ဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြတာပါ။
ပစ်ခတ်မှုတွေ ထပ်မံမဖြစ်ဖို့ ပြီးခဲ့တဲ့ရက်တွေက ကေအန်ယူနဲ့ မွန်ပြည်သစ်ပါတီဘက်က နှစ်ဖက်တာဝန်ရှိသူတွေ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ရလဒ်ကောင်းတွေ ရရှိထားခဲ့ပေမယ့် အခုလို နှစ်ဖက်အောက်ခြေက ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့တာပါ။
မွန်ပြည်သစ်ပါတီနဲ့ ကေအန်ယူတို့ အခုရက်ပိုင်းအတွင်းပစ်ခတ်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး မွန်ပြည်သစ်ပါတီဘက်က အရာရှိအပါဝင် ၂ဦးကျဆုံးခဲ့ပါတယ်။