နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်နိုင်ငံမှ ရန်ကုန်သို့ ပြန်လည်ထွက်ခွာ
ဇော်ဇော်လှိုင်
·
October 24, 2019
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဟာ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာဖို့ တည်းခိုတဲ့ တိုကျိုမြို့ရှိ Imperial Hotel မှ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒီနေ့ မနက်ပိုင်းက ထွက်ခွာသွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်ဧကရာဇ် နာရူဟီတိုရဲ့ တရားဝင်ဖိတ်ခေါ်ချက်အရ ထီးနန်းတက်ဂုဏ်ပြုပွဲ အခမ်းအနား တက်ရောက်ဖို့ အောက်တိုဘာ ၂၀ ရက်ကတည်းက ဂျပန်နိုင်ငံကို ရောက်ရှိခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံသို့ မထွက်ခွာခင် ဂျပန်နိုင်ငံရောက်မြန်မာလူငယ်တွေရဲ့ ကန်တော့ခံယူပြီး သြဝါဒပေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဂျပန်ဧကရာဇ်ထီးနန်းတက်ဂုဏ်ပြုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့တဲ့အပြင် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနဲ့ သီးခြားတွေ့ဆုံခဲ့သလို ဒုတိယအကြိမ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဖော်ဆောင်ရေးဆိုင်ရာ ကွန်ဖရင့်မှာ တက်ရောက် ဟောပြော ခဲ့ပါတယ်။