ရေးမြို့နယ်က တပိုင်တနိုင်ပန်းအုတ်လုပ်ငန်း တွင်ကျယ်လာ
DVB
·
October 24, 2019
မွန်ပြည်နယ် ရေးမြို့နယ်ရှိ ပန်းအုတ်လုပ်ငန်းကို စေတီပုထိုး အဆောက်အအုံတွေမှာ စတင်အသုံးပြုလာတဲ့အတွက် တပိုင်တနိုင်ပန်းအုတ်လုပ်ငန်းမှာ တွင်ကျယ်စွာ လုပ်ကိုင်လာနေရတယ်လို့ လုပ်ကိုင်သူ ကိုအေးဝင်းလှိုင်က ပြောပါတယ်။
ဒီပန်းအုတ်လုပ်ငန်းကို ရန်ကုန်က ပညာရှင်တွေကဆီ လေ့လာသင်ယူပြီးမှ အခုလို ကိုယ်တိုင်ထုတ်လုပ်နိုင်တဲ့အဆင့်ကို ရောက်ရှိလာနေပြီး ဒီထက်မက ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်သွားမယ်လို့ ကိုအေးဝင်းလှိုင်က ပြောပါတယ်။
အခုအလုပ်ကအစမို့ အပြင်နေ့စားသမားက ၁ ဦးနဲ့ လုပ်အားခလည်း သိပ်ပြီး အကုန်အကျမရှိတော့ တနေ့ကို ပန်းအုတ်အလုံး ၂၀၀ လောက်ပြီးစီးတာကြောင့် လူတဦးရဲ့ဝင်ငွေလည်း မဆိုးလောက်ဘူးလို့ သူက ပြောပါတယ်။
ပန်းအုတ်မှိုပုံစံနှင့် ကုန်ကြမ်း ဘိလပ်မြေ၊ သဲ စသဖြင့် ရင်းနှီးမြှုပ်နှံထားတဲ့ ငွေပမာဏက သိန်း ၅၀ ဝန်းကျင်လောက် ကုန်ကျပြီး မိသားစုအတွက် စားဝတ်နေရေးလုံလောက်သလို ရေးမြို့နယ်မှာ ပထမအဦးဆုံး ပန်းအုတ်ထုတ်လုပ်သူဖြစ်လာတယ်လို့ ဆိုပါတယ်။
သတင်း - နေမျိုးထွဋ်