Home
မြန်မာသတင်း
ယခုနှစ်ကုန် YBS ယာဉ်စီးရေ ၁၅၀၀ ကတ်စနစ်ဖြင့် လည်ပတ်မည်
DVB
·
October 24, 2019
အခုနှစ်ကုန်ပိုင်းမှာ YBS ယာဉ်စီးရေ ၁၅၀၀ကို  ကတ်စနစ်နဲ့ စတင်လည်ပတ်မယ်လို့ YRTA တာဝန်ရှိသူက ပြောပါတယ်။  ကုမ္ပဏီ ၄ ခုက YBS ယာဉ်စီးရေ ၁၅၀၀ မှာ အခုနှစ်ကုန်ပိုင်းကစပြီး ကတ်စနစ်နဲ့ ယာဉ်စီးခ ပေးချေတဲ့စနစ်ကို စမ်းသပ်လုပ်ဆောင်သွားမှာပါ။  ဒီလိုလုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့စက်ပစ္စည်းတွေ နိုင်ငံခြားက မှာယူရရှိပြီးဖြစ်ကာ မကြာမီယာဉ်တွေမှာ တပ်ဆင်ပြီး စမ်းသပ်လည်ပတ်မှာလို့ YRTA တာဝန်ရှိသူက ပြောပါတယ်။ ကတ်စနစ်အသုံးပြုပုံကတော့ ကားအတက်အဆင်းတခါစီ ဖြတ်ရမှာဖြစ်ပြီး သတ်မှတ်မိုင်ပေါ် မူတည်ကာ ကျသင့်သလောက်ပေးချေရမှာပါ။ ကတ်နဲ့ အဆင်းတခါမဖြတ်မိရင် ပုံသေသတ်မှတ်ထားတဲ့ ယာဉ်စီးခ ၂၀၀ ကျပ်ကို ဖြတ်တောက်သွားမှာပါ။  ကတ်စနစ်တပ်ဆင်ရာမှာ ယာဉ်အမျိုးအစားနဲ့ ယာဉ်အတိုင်းအထွာ အရှည်ပေါ်မူတည်ပြီး အော်ဒါမှာယူတပ်ဆင်ရမှာလို့ YRTA တာဝန်ရှိသူက ပြောပါတယ်။ ကတ်စနစ်အတွက် လည်ပတ်ဖို့ကို ရန်ကုန်တိုင်းအစိုးရကနေ Asia Starmer Transport Inteligence ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ပြီး တာဝန်ယူဆောင်ရွက်သွားမှာပါ။  ကုမ္ပဏီအနေနဲ့ ကတ်စနစ်နဲ့ လည်ပတ်နိုင်ဖို့ လုပ်ပိုင်ခွင့်ကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းက ရရှိခဲ့တာပါ။ ဒါပေမယ့် အခုတနှစ်ကျော်တဲ့အထိ အကောင်အထည် မဖော်နိုင်သေးပါဘူး။  ချမ်းမြေ့မောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024