Live
Home
ရုပ်သံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
October 24, 2019
အပတ်စဉ်ပုံမှန်တင်ဆက်နေကျဖြစ်တဲ့ Movie Crazy အစီအစဉ်ကနေ မြန်မာနိုင်ငံ နဲ့ နိုင်ငံတကာမှာ ရုံတင်ပြသတော့မယ့်၊ ရုံတင်ပြသနေဆဲဖြစ်တဲ့ ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေ အကြောင်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။    မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ သွေးပျက် ထိတ်လန့်စရာ မြင်ကွင်းတွေနဲ့ Zombie ဇာတ်မြူးရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြ မယ့် Zombieland: Double Tap !        Sony Pictures Releasing ရုပ်ရှင်ထုတ်လုပ်ရေးက ဖြန့်ချိမယ့် ဒီရုပ်ရှင်ကား ကိုတော့ အရင်ကားကို ရိုက်ခဲ့တဲ့ အမေရိကန်ရုပ်ရှင် ဒါရိုက်တာ Ruben Fleischer ကပဲ ထပ်ပြီးတော့ ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။    ဒီကားဟာ ၂၀၀၉ ခုနှစ်က ရုံတင်ပြသခဲ့ပြီး Box Office မှာ ဝင်ငွေအမေရိကန် ဒေါ်လာ ၁၀၂ ဒဿမ ၄ သန်းနဲ့ စံချိန်တင်ခဲ့တဲ့ Zombieland ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ကားအနေနဲ့ အချိန် ၁၀ နှစ်အကြာမှာ ထပ်မံထွက်ရှိလာခဲ့တာပါ။       ခုအသစ်ထွက်ရှိလာတဲ့ ရုပ်ရှင်ကားထဲမှာတော့ အရင်ကားထဲမှာ ပါဝင်ခဲ့တဲ့ သရုပ် ဆောင်တွေအပြင် ဇာတ်ကောင်သစ်တွေလည်း ပါဝင်လာတာမို့ ဘယ်လို စွန့်စားခန်းတွေ၊ သွေးပျက်ထိတ်လန့်စရာ မြင်ကွင်းတွေနဲ့ ဖန်တီးရိုက်ကူးထားမလဲဆိုတာကို စောင့်မျှော် ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။    ဒီကားထဲမှာတော့ ဟောလိဝုဒ် သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Woody Harrelson ၊ Jesse Eisenberg ၊ Abigail Breslin ၊ Rosario Dawson ၊ Zoey Deutch ၊ Luke Wilson နဲ့ Emma Stone တို့က ပါဝင်ထားကြတာပါ။    ကြာမြင့်ချိန် ၉၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၄၂ သန်း အကုန်အကျခံရိုက်ကူးထားတာ ဖြစ်ပါတယ်။    ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ သွေးထွက်သံယိုမြင်ကွင်းတွေ၊ ပြကွင်းပြကွက် တွေ၊ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မ သင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။    IMDb မှာတော့ ဒီကားဟာ Rating 7.4 အထိ ရရှိထားပြီး ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် Box Office ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၃ သန်းနဲ့ ၂၅ သန်း ကြား ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။    လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ဟာ ယူကျုဘ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁၄ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။        ဒီရုပ်ရှင်ကားကိုတော့ နိုင်ငံတကာမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့က တည်းက ရုံတင်ပြသနေတာ ဖြစ်ပါတယ်။    နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တဲ့ရုပ်ရှင်ကတော့ ကြမ်းကြမ်းရမ်းရမ်း အပစ် အခတ်ဇာတ်ဝင်ခန်းတွေနဲ့ ရှုစားကြရမယ့် ဟောလိဝုဒ်ရုပ်ရှင် - Black and Blue !    Action, Crime, Drama အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ Screen Gems ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက ဖြန့်ချိလိုက်တာဖြစ်ပြီး အမေရိကန်ရုပ် ရှင်ဒါရိုက်တာ Deon Taylor က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။    ဒီကားထဲမှာတော့ အမေရိကန် လူမည်းအမျိုးသမီး ရဲအရာရှိတဦးရဲ့ ခက်ခဲကြမ်း တမ်းတဲ့ ဘ၀ဖြတ်သန်းမှုပုံရိပ်တွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။ Black and Blue ဆို တာကတော့ အမေရိကန် ရဲအရာရှိတွေရဲ့ ဝတ်စုံအရောင်ကို ကိုယ်စားပြုပေးထားတာ ဖြစ်ပြီး လူမည်းတွေဟာ အတိတ်က အသားအရောင်ခွဲခြားတဲ့ ပဋိပက္ခတွေေကြောင့် လက် ရှိအချိန်ထိကိုပဲ ဒါက အရိပ်ဆိုးကြီးတခုလို ဖြစ်နေခဲ့တာပါ။ Alicia West ဆိုတဲ့ လူမည်း အမျိုးသမီးကတော့ ရဲအရာရှိတယောက် ဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖ ဖော်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူစပြီး တာဝန်ကျတဲ့နေရာဟာ  နယူးအော်လင်းက ဒုစရိုက် သမားတွေ ကြီးစိုးတဲ့ နယ်မြေတခု ဖြစ်နေခဲ့ပြီး အတူတွဲတာဝန်ကျတဲ့ လုပ်ဖော်ကိုင်ဖက် တွေကလည်း ယုံကြည်လို့မရတဲ့ အခြေအနေဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ် လာမလဲဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။    ဒီကားထဲမှာတော့ ဟောလိဝုဒ် လူမည်းသရုပ်ဆောင်မင်းသမီး Naomie Harris နဲ့ အတူ တခြားသရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Tyrese Gibson ၊ Frank Grillo ၊ Mike Colter ၊ Reid Scott စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထား ကြတာပါ။    ကြာမြင့်ချိန် ၁၀၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ Urbanworld Film Festival မှာ ကနဦးပြသခဲ့တာ ဖြစ်ပါတယ်။    ယူကျုဘ်ပေါ်မှာတော့ ဒီရုပ်ရှင်ကား Trailer ကို လတ်တလောအချိန်ထိ ဝင် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့တာ ဖြစ်ပါတယ်။        ဒီကားကိုတော့ လာမယ့် အောက်တိုဘာလ ၂၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။        မူဗီခရေဇီတွေကို ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ထူးခြားတဲ့ ဇာတ်အိမ်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးထားတဲ့ ဟောလိဝုဒ်ရုပ်ရှင် -Countdown !        Horror Thriller အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကိုတော့ STX Entertainment က တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Justin Dec က ကိုယ်တိုင်ဇာတ်ညွှန်းခွဲပြီး ကိုယ်တိုင်ပဲ ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။        ဒီကားထဲမှာတော့ Quinn Harris ဆိုတဲ့ Nurse ကောင်မလေးတယောက်ဟာ ဖုန်းထဲကနေတဆင့် App တခုကို Download လုပ်ကြည့်ရာကနေ ဇာတ်လမ်းစတင် ထားပါတယ်။ အဲဒီ App မှာတော့ လူတယောက်ချင်းစီကို မသေဆုံးခင်အချိန်ထိ ကျန်နေ တဲ့ ကာလအပိုင်းအခြားအလိုက် Count Down လုပ်ထားတာပါ။ Quinn Harris ရဲ့ အ သက်ရှင်သန်ရမယ့် ရက်က ၃ ရက်သာ ကျန်နေတော့တာကို သိလိုက်ရတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ၊ သူအသက်ရှင်သန်နေထိုင်ဖို့ ဘယ်လိုကြိုးစားမလဲ၊ တကယ်ရော အ သက်ရှင်နိုင်ပါ့မလားဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ စိတ်လှုပ်ရှားစွာ ရှုစားကြရမှာပဲ ဖြစ်ပါတယ်။        ဒီကားထဲမှာတော့ အမေရိကန်သရုပ်ဆောင်မင်းသမီး Elizabeth Lail က ခေါင်း ဆောင်ပါဝင်ထားပြီး သူနဲ့အတူ တခြားဟောလိဝုဒ်သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Jordan Calloway ၊ Talitha Bateman ၊ Tichina Arnold နဲ့ P.J. Byrne စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာပါ။        ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြ ကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့် ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။        Youtube ပေါ်မှာတော့ ဒီရုပ်ရှင်ကား Trailer ကို လတ်တလောအချိန်ထိ ဝင် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။        ကြာမြင့်ချိန် မိနစ် ၉၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် အောက်တိုဘာလ ၂၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။        မူဗီခရေဇီတွေကို ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ နာမည်ကြီး Terminator ရုပ်ရှင် Series တွေရဲ့ ၆ ကားမြောက်အနေနဲ့ ထွက်ရှိလာတဲ့ Terminator: Dark Fate!        Action Adventure Sci-Fi အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကို တော့ Paramount Pictures ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက တင်ဆက်လိုက်တာ ဖြစ် ပြီး နာမည်ကျော် စူပါဟီးရိုးရုပ်ရှင် Deadpool ရဲ့ ဖန်တီးရှင် အမေရိကန်ရုပ်ရှင်ဒါရိုက် တာ Tim Miller က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။        အခုအသစ်ထွက်ရှိလာတဲ့ Dark Fate ရုပ်ရှင်ကတော့ မူလ Terminator နဲ့ Terminator 2: Judgment Day ရုပ်ရှင်ကားတွေရဲ့ နောက်ဆက်တွဲ Sequel Film Series အနေနဲ့ ထွက်ရှိလာခဲ့တာဖြစ်ပြီး အရင်ကားတွေထဲမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် မင်းသမီးကြီး Linda Hamilton နဲ့ Arnold Schwarzenegger တို့က Sarah Connor နဲ့ T-800 ဇာတ်ကောင်တွေအနေနဲ့ ပြန်လည်ပါဝင် ထားကြတာပါ။ နောက်ပြီး ဒီရုပ်ရှင်ကားထဲမှာ "Dani" Ramos ဆိုတဲ့ စက်ရုပ်လူသား ဇာတ် ကောင်အမျိုးသမီးလည်း အသစ်အနေနဲ့ ပါဝင်လာမှာဖြစ်ပြီး သူ့ကို တိုက်ခိုက်ခံရတဲ့ဘေး က ကူညီရဖို့ ဖြစ်လာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာတွေကို အက်ရှင်အပစ်အ ခတ်ဇာတ်ဝင်ခန်းတွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။        ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျတ်အမေရိကန်ဒေါ်လာသန်း ၁၆၀ နဲ့ ၂၀၀ ကြား အ ကုန်အကျခံရိုက်ကူးထားတာ ဖြစ်ပါတယ်။        ဒီရုပ်ရှင်ကားထဲမှာ ကြမ်းတမ်းတဲ့ အပစ်အခတ်ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက် တွေ၊ ပြောစကား Dialog တွေ ပါဝင်နေတာမို့ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။        လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ဟာ ပရိသတ်တွေကြားမှာ စိတ်ဝင် စားမှုတွေ မြင့်တက်နေပြီး Youtube ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁၂ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။        Box Office မှာတော့ ဒီရုပ်ရှင်ကားကို ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၀ ထိ ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။        ကြာမြင့်ချိန် ၁၂၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဗြိတိန်မှာ အောက်တိုဘာလ ၂၃ ရက်နေ့က စတင်ပြီး ရုံတင်ပြသနေတာ ဖြစ်ပါတယ်။        မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဝါရင့်သ ရုပ်ဆောင်မင်းသမီး ၃ ယောက်ခေါင်းဆောင်ပါဝင်ထားကြတဲ့ အချစ်ဟာသရုပ်ရှင်-သုံး ယောက်ပေါင်းလောင်းကျော် !    ဒီကားကိုတော့ လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး နေခြည်အောင်သစ်ရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ ခင်စောမျိုးက ရိုက်ကူးပုံဖော် ပေးထားတာ ဖြစ်ပါတယ်။    ဒီကားထဲမှာတော့ ဇီဇာကြောင်တဲ့ အပျိုကြီး ၃ ယောက်က သူတို့ရဲ့ တူမလေးကို အိမ်ထောင်ချပေးဖို့ ကြိုးစားချိန်မှာ သူက မယူချင်လို့ ထွက်ပြေးလို့ လိုက်ရှာရာကနေ ဇာတ်လမ်းစထားခဲ့ပြီး အဲဒီလိုအခြေအနေမှာ သူတို့ အပျိုကြီး ၃ ယောက်ရဲ့ အချစ်ရေးက ရော ဘယ်လိုတွေဖြစ်လာမလဲ။ ဘယ်လိုကမောက်ကမအခြေအနေတွေ၊ ဇာတ်လမ်းဇာတ် ကွက်တွေ၊ အလွဲအချော်တွေနဲ့ ဟာသဆန်ဆန်ရိုက်ကူးထားမလဲဆိုတာကို ပရိသတ်တွေ က ရှုစားကြရမှာ ဖြစ်ပါတယ်။    ဒီကားထဲမှာ မို့မို့မြင့်အောင်၊ မေသန်းနု၊ ခိုင်သင်းကြည်တို့နဲ့အတူ တခြားသရုပ် ဆောင်တွေအနေနဲ့ မေခလာ၊ စံရတီမိုးမြင့်၊ ရဲအောင်၊ ရန်ကျော်၊ ဖြိုးငွေစိုး၊ မိုးအောင်ရင်တို့ ကလည်း အားဖြည့်ပါဝင်ထားကြတာပါ။    လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၆ သန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။    ဒီကားကိုတော့ လာမယ့် အောက်တိုဘာလ ၂၄ ရက်နေ့မှာ ရုံတင်ပြတော့မှာ ဖြစ်ပါ တယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၉.၁၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီးတော့ အားပေးနိုင်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024