ဗစ်တိုးရီယားအမှု စွပ်စွဲခံရသူ အောင်ကြီး၏ အာမခံလျောက်ထားမှုကို တရားရုံးပယ်ချ
DVB
·
October 23, 2019
ဗစ်တိုးရီယားအမှုနဲ့ ပတ်သက်ပြီး တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခံနေရတဲ့ ယာဉ်မောင်း အောင်ကြီးရဲ့ အာမခံလျောက်ထားမှုကို ဒီကနေ့ ရုံးချိန်းမှာ တရားရုံးက ပယ်ချလိုက်တယ်လို့ အောင်ကြီးရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။
အောင်ကြီးရဲ့ မိဘတွေကတော့ သားဖြစ်သူ အာမခံရရှိရေးအတွက် သက်ဆိုင်ရာ ရှေ့နေတွေနဲ့ဆက်လက်ကြိုးစားဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
စက်တင်ဘာလ ၂၁ရက်နေ့မှာ အောင်ကြီးရဲ့ အာမခံကို စတင်လျောက်ထားခဲ့ပြီး ဒီကနေ့ ၉ ကြိမ်မြောက် ရုံးချိန်းမှာ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးက ပယ်ချခဲ့တာပါ။
ဒီကနေ့ ပြုလုပ်တဲ့ တရားခွင်မှာလည်း အခင်းဖြစ်ပွားချိန်က ကျောင်းဝင်းအတွင်းမှာရှိနေတဲ့ Wisdom Hill မူကြိုကျောင်းက ဆရာမ နီလာအေးက ယာဉ်မောင်း အောင်ကြီးအနေနဲ့ ကျောင်းခန်းထဲမှာ ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့ဘူးလို့ ထွက်ဆိုခဲ့ပေမယ့်လည်း အောင်ကြီးရဲ့ အာမခံကို တရားရုံးက ပယ်ချခဲ့တာ ဖြစ်ပါတယ်။
နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းမှာ အသက် ၃ နှစ် အရွယ် ကျောင်းသူလေးတဦး အဓမ္မပြုကျင့်ခံခဲ့ရတဲ့အမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ ၉ ကြိမ်မြောက် ရုံးချိန်းမှာ ဆရာမနှစ်ဦးနဲ့ CCTV မှတ်တမ်းတာဝန်ခံကို စစ်ဆေးခဲ့ပါတယ်။