အကြိုက်ဆုံးအသင်းဖော် ၁၁ ဦးကို မန်ယူ နောက်ခံလူဟောင်း အီဗရာ ရွေးချယ်

988
ကစားသမားဘဝတလျှောက် အကြိုက်ဆုံးအသင်းဖော် ၁၁ ဦးကို မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း အီဗရာက ရွေးချယ်ခဲ့ပါတယ်။
မန်ယူနိုက်တက်နဲ့ ဂျူဗင်တပ်ကစားသမားဟောင်း အီဗရာဟာ သူ့ရဲ့ စိတ်ကြိုက်အသင်းမှာတော့ ယူနိုက်တက်အသင်းက အသင်းဖော်ဟောင်း ကစားသမားအများစု ပါဝင်လာခဲ့ပြီး ထင်မှတ်မထားတဲ့ ရွေးချယ်မှုတွေလည်း ပါဝင်ခဲ့ပါတယ်။
ဂိုးသမား နေရာမှာတော့ ယူနိုက်တက် အသင်းဖော်ဟောင်း ဗန်ဒါးဆားကို အီဗရာက ခြွင်းချက်မရှိ ရွေးချယ်ခဲ့ပြီး နောက်တန်း လေးယောက်တန်းမှာတော့ ဂျူဗင်တပ်အသင်းမှာ လက်တွဲခဲ့တဲ ချီလီနီ၊ ဒယ်နီယယ်အဲဗက်စ်၊ ရီယိုဖာဒီနန်နဲ့ သူ့ကိုယ်သူ ပြန်လည်ရွေးချယ်ခဲ့ပါတယ်။
ညာနောက်ခံလူ နေရာမှ ဂယ်ရီနဗီးလ်ကို သဘောကျပေမယ့်လည်း အဲလ်ဗက်စ်က ထူးချွန်သူလို့လည်း အီဗရာက ရှင်းပြခဲ့ပါတယ်။
အလယ်တန်းမှာတော့ ယူနိုက်တက်အသင်းဖော်တွေ ဖြစ်တဲ့ ပေါလ်စခိုး၊ ပတ်ဂျီဆန်၊ ရွိုင်ယန်ဂစ်တို့ ပါဝင်ပြီး ဂျူဗင်တပ် အသင်းဖော်ဟောင်း ပီယာလိုကိုလည်း ရွေးချယ်ခဲ့ပါတယ်။ တိုက်စစ်မှူး နှစ်ဦး နေရာမှာတော့ တီဗက်ဇ်နဲ့ စီရော်နယ်ဒိုကို ရွေးချယ်ခဲ့ပါတယ်။
သူ့ရဲ့ ကစားသမားဘ၀ ထိန်းချုပ်ရ အခက်ဆုံးကစားသမားကတော့ မန်ချက်စတာ ဒါဘီပွဲစဉ်မှာ ထိန်းချုပ်ရခက်ခဲ့တဲ့ အဲဒီတုန်းက မန်စီးတီး ကွင်းလယ်လူ ဂျိမ်းမီလ်နာကို အီဗရာက ရွေးချယ်ခဲ့ပါတယ်။