Home
မြန်မာသတင်း
LGBTအလှမယ်များ အကြိတ်အနယ်ယှဉ်ပြိုင်ကြသည့် ပြည်မြို့က City Miss ရွေးပွဲ
မင်းညို
·
October 21, 2019
LGBT တွေက နိုင်ငံအတွက်တဖက်တလမ်းက သူတို့စွမ်းနိုင်သလောက် အကူအညီပေး နိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ City Miss ရွေးပွဲကို ပဲခူးတိုင်း ပြည်မြို့မှာ အောက်တိုဘာ ၂၀ ရက်က ပြုလုပ်ခဲ့ပါတယ်။ ပွဲစီစဉ်သူ ဒေါက်တာမင်းချစ်သူက “လိင်စိတ်ခံယူမှု ကွဲပြားသူ LGBT တွေကလည်း လူထဲကလူတွေဖြစ်ပြီးသူတို့ကို ခွဲခြား ဆက်ဆံတာတွေ၊ လူ့အသိုင်းအဝန်းက ဖယ်ကျဉ်ထားတာတွေ၊ သီးခြားလူတန်းစားအနေနဲ့ သတ်မှတ်ထားတာတွေ ပတ်သတ်ပြီး သူတို့မှာ အစွမ်းအစတွေရှိ တယ်ဆိုတာကိုပြသတဲ့အနေနဲ့ အခုလို မော်ဒယ်ရှိုးပွဲတခုကိုပြုလုပ်တာ”လို့ ပြောပါတယ်။ ပြည်မြို့မှ ပြိုင်ပွဲဝင် မေချစ် က “ဒီပြိုင်ပွဲကို လာပြိုင်သူအများစုက ဒေသတွင်းက မိတ်ကပ် ပညာရှင်တွေ၊ အလှဖန်တီးရှင်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အခု လိုမျိုးလှပတဲ့ ဂေးတွေည်း ရှိတယ်ဆိုတာကို ပြသချင်တာကြောင့် အခုလိုဝင်ပြိုင်တာ”လို့ ပြောပါတယ်။ ပြည်မြို့မှ ပြိုင်ပွဲဝင်သူ အူဝဲက “LGBT ဆိုတာက လှောင်ပြောင်စရာမလိုဘူး။ သူတို့မှာလည်း ကိုယ့်အစွမ်းအစနဲ့ကိုယ်ရှိတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိတယ်ဆိုတာကို ပြသချင်လို့ ဒီပွဲကိုလာရောက်ယှဉ်ပြိုင်တာ”လို့  ပြောပါတယ်။ ဒီပွဲကို အောက်တိုဘာ ၂၀ ရက်ညက ပြည်မြို့ ယဉ်ကျေးမှုကဇာတ်ရုံမှာပြုလုပ်ခဲ့ပြီး LGBT တွေအတွက် ရေကူးစုံနဲ့တပွဲ မြန်မာ့ရိုးရာဝတ်စုံနဲ့တပွဲ ပုံစံ ၂ မျိုးနဲ့ယှဉ်ပြိုင်ရပြီး City Miss ဆု တဆုပဲ ရွေးချယ်ပါတယ်။ အဲဒီဆုက Miss Trans Queen of the Universe Pyay 2020 winner ဆုဖြစ်ပြီး ဆုရသူက နောက်ရန်ကုန်မှာလုပ်မယ့် တနိုင်ငံလုံးကိုယ်စားပြုလုပ်တဲ့ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရမှာပါ။  အဲဒီကနေ ရန်ကုန်ပွဲမှာ winner ရသူက ထိုင်းနိုင်ငံမှာ ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024