A d v e r t i s e m e n t With Us

ဂျပန်ဘုရင်သစ် ထီးနန်းတက်ပွဲ တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားရောက် 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်အရ ဂျပန်ဘုရင်သစ် နာရူဟီတိုရဲ့ ထီးနန်းတက်ပွဲ အခမ်းအနား တက်ရောက်ဖို့ ဒီနေ့မနက် ၈ နာရီခွဲက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ကို ထွက်ခွာသွားပါတယ်။  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နဲ့အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ဂျပန်ဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီးတကြိမ်၊ ၂၀၁၈ ခုနှစ် အောက်တိုဘာက မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့တကြိမ်သွားရောက်ခဲ့ဖူးပြီး အခုတကြိမ်နဲ့ဆို ၃ ကြိမ်မြောက် ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up