Home
မြန်မာသတင်း
အာဖဂန်နစ္စတန်တွင် ဗုံးပေါက်ကွဲမှုကြောင့် ၆၂ ဦး သေဆုံး၊ ၃၆ ဦး ဒဏ်ရာရ
DVB
·
October 19, 2019
အာဖဂန်နစ္စတန် အရှေ့ပိုင်း နန်ဂါဟာပြည်နယ်က ဗလီဝတ်ကျောင်းတခုမှာ  အောက်တိုဘာ ၁၈ ရက်နေ့က ဗုံးပေါက်တာကြောင့် လူ ၆၂ ယောက် သေဆုံးပြီး ၃၆ ယောက် ဒဏ်ရာရတယ်လို့ ပြည်နယ်အစိုးရက ပြောကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ ဗုံးပေါက်ကွဲတဲ့ အရှိန်ကြောင့် ဗလီဝတ်ကျောင်း ခေါင်မိုး ပြိုကျခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။  ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းကမှ တာဝန်ယူပြောတာ မရှိပါဘူး။  စစ်ဒဏ်သင့် အာဖဂန်မှာ နွေရာသီအတွင်း အရပ်သားသေဆုံးမှု အရေအတွက်ဟာ မကြုံစဖူး မြင့်တက်ခဲ့တယ်လို့ ကုလသမဂ္ဂ ပြောကြားပြီး နောက်တစ်ရက်မှာပဲ အခုလို ဗုံးပေါက်ခဲ့တာပါ။   အာဖဂန်မှာ ဇူလိုင်နဲ့ စက်တင်ဘာအတွင်း အရပ်သား ၁,၁၇၄ ယောက် သေဆုံးခဲ့တယ်လို့  ကုလသမဂ္ဂက ဆိုပြီး ဒါဟာ လွန်ခဲ့တဲ့ ၁၀ နှစ် ကုလမှတ်တမ်းတင်ကတည်းက အသေအပျောက် အများဆုံးကာလ ဖြစ်ပါတယ်။  သြဂုတ်လအတွင်း သေဆုံးသူတွေရဲ့ ၅ ပုံ ၁ ပုံဟာ အရပ်သားတွေ ဖြစ်တယ်လို့လည်း  ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024