ကလေးဝမြို့တွင် အင်အား ၅ ဒသမ ၁ အဆင့်ရှိ မြေငလျင်လှုပ်ခတ်
DVB
·
October 19, 2019
စစ်ကိုင်းတိုင်း ကလေးဝမြို့မှာ အောက်တိုဘာ ၁၈ ရက်နေ့ညက အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားပါတယ်။
အောက်တိုဘာလ ၁၈ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၃ နာရီ၊ ၁၈ မိနစ်၊ ၀၉ စက္ကန့် အချိန်မှာ ကလေးဝမြို့ရဲ့ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၁၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၂၂ ဒီဂရီ၊ အနက် ၅၈ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
ကလေးဝမြို့မှာ အောက်တိုဘာ ၁၄ ရက်နေ့ မွန်းလွဲပိုင်းကလည်း အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၆ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့သလို ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ မနက်အစောပိုင်းကလည်း အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့ပါတယ်။