ပိုင်တံခွန်နှင့် ထိုင်းမင်းသမီးပိုင်ဖရင်တို့၏ ပေါက်စီကြော်ငြာ လူကြိုက်များ (ရုပ်သံ)
DVB
·
October 18, 2019
ခုရက်ပိုင်းတွင်း ထိုင်းနိုင်ငံမှာ လူကြိုက်များနေတဲ့ စားသောက်ကုန်ကြော်ငြာတခု ကတော့ မြန်မာ မော်ဒယ်လ် ပိုင်တံခွန် နဲ့ ထိုင်းထိပ်တန်းသရုပ်ဆောင် မင်းသမီး ပိုင်ဖရဲင် တို့ ပူးတွဲသရုပ်ဆောင်ထားတဲ့ ပေါက်စီကြော်ငြာ ဖြစ်ပါတယ်။
ပိုင်တံခွန်ဟာ ဒီမတိုင်ခင် ထိုင်းကိုရောက်စဉ်က ထိုင်းအမျိုးသမီးသရုပ်ဆောင်တွေထဲမှာ ပိုင်ဖရဲင်ကို အကြိုက်ဆုံးပဲလို့ သတင်းမီဒီယာတွေကို ပြောခဲ့ဖူးပါတယ်။
အဲဒီနောက်ပိုင်း ပိုင်တံခွန် နဲ့ ပိုင်ဖရဲင်ကို ထိုင်းပရိသတ်အတော်များများက အလိုက်ဖက်ဆုံးစုံတွဲအဖြစ် သဘောတူနေကြပြီး သူတို့ နှစ်ဦး တွဲဘက်သရုပ်ဆောင်တာကိုလည်း မြင်ချင်နေကြတာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့ကတော့ ပရိသတ်တွေ မျှော်လင့်နေတဲ့ သူတို့ နှစ်ယောက် ပူးတွဲကြော်ငြာတခုကို 7-Eleven ကုန်စုံဆိုင် ကုမ္ပဏီက သူတို့လူမှုကွန်ရက်မှာ တင်ပေးလိုက်ပြီး တရက်တွင်းမှာဘဲ ကြည့်ရှအားပေးသူ သိန်းနဲ့ချီရှိသွားပါတယ်။
အဆိုပါကြော်ငြာထဲမှာ ပိုင်ဖရဲင်နဲ့ မိန်းကလေးအဖော်နှစ်ဦး ဆာလောင်စွာနဲ့ ဆိုင်ထဲဝင်လာပြီး စားစရာတွေ ရွေးချယ်နေစဉ် ပိုင်တံခွန်က (ဒီကနေ့ ရာသီဥတုသာယာတယ်နော်) လို့ နှုတ်ဆက်လိုက်ပါတယ်။
ပိုင်တံခွန်ရဲ့ စူးရှတဲ့အကြည့်နဲ့ မျက်လုံးချင်းဆုံလိုက်တဲ့ ပိုင်ဖရဲင်ဟာ ခနမှင်သက်သွားပြီး ရှက်သွေး ဖျန်းသွားကာ ရုပ်တည်နဲ့ ပေါက်ဆီစားမယ်လို့မှာ လိုက်ပါတယ်။ ပိုင်တံခွန်က ပိုင်ဖရဲင်ကို ပေါက်ဆီကြိုက်တာလားလို့ ထပ်ပြီး မေးလိုက်ပါတယ်။
ပိုင်ဖရဲင်ကလည်း ပေါက်စီထုတ်ကို ပိုင်တံခွန်အားလှမ်းပေးပြီး မြည်းစမ်းကြည့်ဖို့ပြော လိုက်တော့ ပိုင်တံခွန်က သူတိတ်တခိုးကြိုက်ရတဲ့ မိန်းကလေးကကျွေးတဲ့မုန့်ကို စားလိုက်ရ လို့ အံ့သြကျေနပ်နေတဲ့ပုံ သရုပ်ဆောင်ထားပါတယ်။
ပိုင်တံခွန်က ပေါက်ဆီစားရင်း ပိုင်ဖရဲင်အကြောင်းအတွေးထဲမျောသွားစဉ် ပိုင်ဖရဲင်က ချောင်းဟန့်လိုက်မှ သတိပြန်ရလာပါတယ်။
ပိုင်ဖရဲင်က သူ့ကို ပေါက်ဆီနဲ့တွဲစားဖို့ ဖက်ထုတ် (ခနုမ်ကျစ်ပ်) ပါ ယူပါဦးလားလို့ မေးရင်းပေးလိုက်ကာ ပြန်ထွက်သွားတော့ ပိုင်တံခွန်လဲ ငေးမောပြီးကျန်ခဲ့ပါတယ်။
ထိုင်းဘာသာနဲ့ ခနုမ်ကျစ်ပ် ဆိုတာကတော့ လူပျိုနဲ့အပျို စပြီးပိုးပန်းတဲ့အခါမှာ ဘန်းစကား အဖြစ် သုံးကြတာပါ။
နောက်ခံသီချင်းကလည်း “မင်းကလေးကို တဘက်သတ်ချစ်နေတာ ဖွင့်လည်းမပြောရဲဘူး ပြောလိုက်ရင် မျှော်လင့်ချက်ဆုံးရှုံးမှာစိုးတယ်” လို့ အဓိပ္ပါယ်ရတဲ့ သီချင်းကို ထည့်ထားပါတယ်။
ပိုင်ဖရဲင်ရဲ့ သူငယ်ချင်း နှစ်ယောက်လည်း သူတို့ နှစ်ယောက်ကို သဘောတူသလို မနာလိုဖြစ်နေတဲ့ပုံလေးတွေပါ သဘာဝကျစွာသရုပ်ဆောင်ထားပါတယ်။
ပိုင်တံခွန်ရော ပိုင်ဖရဲင်ပါ ထိုင်း-မြန်မာ နှစ်နိုင်ငံလုံးက ထိပ်တန်းမော်ဒယ်လ်သရုပ်ဆောင် တွေဖြစ်ပြီး နှစ်ယောက်လုံး ရုပ်ရည်ချောမောလှပ သရုပ်ဆောင်လည်း ကောင်းကြတာကြောင့် နှစ်နိုင်ငံပရိတ်သတ်ရဲ့ အားပေးမှုကို တခဲနက်ရသွားတာဖြစ်ပါတယ်။
ကြော်ငြာအပြည့်အစုံလင့်ခ်---
https://www.facebook.com/7ElevenThailand/videos/541957579897443/UzpfSTEwMDAwMDEwMDc4MDk4MToyOTY1MjUxMzE2ODIxNTMy/ ဝင်ကြည့်နိုင်ပါတယ် ။