Home
မြန်မာသတင်း
ကြည့်ရှုသူ ၁၅ သန်းကျော်ရှိနေသည့် ရောဘတ်ဒေါင်နေးရုပ် ရှင်ကားသစ်-Dolittle(နမူနာ)
DVB
·
October 17, 2019
နာမည်ကျော် ဟောလိဝုဒ်စတားသရုပ်ဆောင်မင်းသား ရောဘတ်ဒေါင်နေးဂျူနီယာခေါင်း ဆောင်ပါဝင်မယ့် Dolittle ရုပ်ရှင် Trailer ဟာ ရက်ပိုင်းအတွင်း ယူကျုဘ်ပေါ်မှာ ဝင် ရောက်ကြည့်ရှုသူ ၁၅ သန်းကျော် ရှိနေခဲ့ပါတယ်။ အဲန်နီမေးရှင်း ကာတွန်းဇာတ်ကောင်တွေနဲ့ စွန့်စားမှုအသားပေး Fantasy Adventure Comedy အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Stephen Gaghan က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး Universal Pictures ကနေ ဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင်တွေ၊ ဟောလိဝုဒ်စတားတွေ အများအပြား အသုံးပြုထားတဲ့ ဒီ ရုပ်ရှင်ကားဟာ ကလေးစာပေနဲ့ နာမည်ကျော်တဲ့ ဗြိတိန်စာရေးဆရာ Hugh Lofting ရဲ့ ဇာတ်ကောင် Doctor Dolittle အကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားခဲ့တာပါ။ ဒီကားထဲမှာ တိရစ္ဆာန်တွေရဲ့ ဘာသာစကားကို နားလည်ပြီး စကားပြောဆိုဆက်သွယ်နိုင်တဲ့ အဓိကဇာတ်ကောင် Dr. John Dolittle အဖြစ် ရောဘတ်ဒေါင်နေးဂျူနီယာ က ခေါင်းဆောင်ပါဝင်ထားပြီး နာမည်ကြီးသရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Antonio Banderas ၊ Michael Sheen ၊Jessie Buckley တို့နဲ့အတူ အသံသရုပ်ဆောင်တွေအဖြစ် Tom Holland ၊ Ralph Finnes ၊ Selena Gomez ၊ Rami Malek ၊ John Cena ၊ Emma Thompson, Octavia Spencer စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဘတ်ဂျက်အမေရိကန်ဒေါ်လာ ၁၇၅ သန်း အကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင် ကားကိုတော့ လာမယ့် ၂၀၂၀ ပြည့်နှစ်ဆန်းမှာ ရုံတင်သွားမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024