Home
ရုပ်သံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
October 17, 2019
အပတ်စဉ်ပုံမှန်တင်ဆက်နေကျဖြစ်တဲ့ Movie Crazy အစီအစဉ်ကနေ မြန်မာနိုင်ငံ နဲ့ နိုင်ငံတကာမှာ ရုံတင်ပြသတော့မယ့်၊ ရုံတင်ပြသနေဆဲဖြစ်တဲ့ ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေ အကြောင်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။  မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ နာမည် ကြီး ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး Angelina Jolie ခေါင်းဆောင်ပါဝင်ထားတဲ့ Maleficent: Mistress of Evil ! နာမည်ကျော် Disney ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ ဒီရုပ် ရှင်ကိုတော့ နော်ဝေရုပ်ရှင်ဒါရိုက်တာ Joachim Rønning က ရိုက်ကူးပုံဖော်ပေးထား တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့ပြီး ရုံတင်ဝင်ငွေ စံချိန်တင်ရရှိ အောင်မြင်ခဲ့တဲ့ Maleficent ရုပ်ရှင်ကားရဲ့ နောက်ဆက်တွဲ ရုပ်ရှင်အနေနဲ့ ထွက်ရှိလာ ခဲ့တာပါ။ Sleeping Beauty ကာတွန်းရုပ်ရှင်ထဲက ဇာတ်ကောင်တွေကို အခြေတည် ရိုက် ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ အရင်ကားထဲမှာ Maleficent အဖြစ် ပါဝင်သရုပ် ဆောင်ခဲ့တဲ့ မင်းသမီး Angelina Jolie ၊ မင်းသမီး Aurora နေရာမှာ ပါဝင်ခဲ့တဲ့ သရုပ် ဆောင်မင်းသမီး Elle Fanning တို့က ပြန်လည်ပါဝင်မှာဖြစ်ကာ မင်းသား Phillip နေရာ မှာတော့ သရုပ်ဆောင်မင်းသား Harris Dickinson က အသစ်ပါဝင်လာတာ ဖြစ်ပါ တယ်။ Maleficent ရုပ်ရှင်ကားထဲမှာ ဗီလိန်ဇာတ်ကောင် နတ်သမီးဟာ သူသိပ်ချစ်ရတဲ့ အမျိုးသားတယောက်ရဲ့ သစ္စာဖောက်တာကို ခံလိုက်ရပြီးနောက်မှာ အဲဒီအမျိုးသားရဲ့ သမီးဖြစ်သူကို ပစ်မှတ်ထားပြီး ကလဲ့စားချေမယ့်သူအဖြစ် သရုပ်ဆောင်ထားခဲ့တာပါ။ ခုအသစ်ထွက်ရှိလာမယ့် ရုပ်ရှင်ထဲမှာတော့ ဗီလိန်နတ်သမီးနဲ့ ဘုရင်မအရိုက်အရာ ဆက်ခံမယ့် မင်းသမီးလေးကြား ရှုပ်ထွေးတဲ့ အခြေအနေတွေ၊ မှော်တိုင်းပြည်ကြီးကို ကာ ကွယ်ဖို့ မဟာမိတ်တွေ၊ ရန်သူတွေနဲ့ ရင်ဆိုင်ကြရတာတွေကို ဘယ်လိုဆန်းကြယ်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ဖန်တီးထားမလဲ ဆိုတာကို မကြာခင် ရှုစားကြရ တော့မှာပါ။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြော စကား Dialog တွေက ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့် မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ အမိုက်စား ရိုက်ချက်တွေ၊ အထူးပြုလုပ်ချက်တွေနဲ့ အလန်းစားဝတ်စုံတွေ၊ သရုပ် ဆောင်မှုတွေနဲ့ ဒီရုပ်ရှင်ကား Trailer ဟာ လတ်တလောအချိန်ထိ Youtube ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁၀ သန်းကျော်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ Box Office မှာတော့ ဒီရုပ်ရှင်ကားကို အမေရိကန်နဲ့ ကနေဒါမှာ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၅၀ နီးပါး ရရှိနိုင်မယ်လို့ ခန့် မှန်းထားပါတယ်။ ကြာမြင့်ချိန် ၁၁၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် အောက်တိုဘာ ၁၈ ရက်နေ့မှာ စတင်ပြီး ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ Twilight ရုပ်ရှင် Series တွေ နဲ့ နာမည်ကျော်တဲ့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသား Robert Pattinson ပါဝင်တဲ့ ရုပ် ရှင်-The Lighthouse ! Drama Fantasy Horror အမျိုးအစားရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကို‌ တော့ A24 ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်ဒါ ရိုက်တာ Robert Eggers က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ထူးထူးခြားခြား အဖြူအမည်းရုပ်ရှင်ကားတကားအနေနဲ့ ရှုစား ကြရမှာဖြစ်ပြီး လူသူမနီးတဲ့ ကျွန်းတကျွန်းပေါ်က မီးပြတိုက်စောင့် အမျိုးသား ၂ ဦးရဲ့ အ ကြောင်းကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ အဲဒီလို အခြေအနေမှာ အထီးကျန်ဆန်မှုနဲ့အတူ ဖောက်ပြန်ပြောင်းလဲတတ်တဲ့ လူ့ စိတ်သဘောနဲ့ အဆိုးဝါးဆုံးအိပ်မက်တွေကနေ ဘာတွေဆက်ဖြစ်လာမလဲ၊ ဘယ်လိုအ ခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါ တယ်။ ဒီကားထဲမှာ Robert Pattinson နဲ့အတူ အကယ်ဒမီဆု ၄ ဆုအပါအဝင် ရုပ်ရှင် သရုပ်ဆောင်ထူးချွန်ဆုတွေ အများကြီးရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်မင်းသားကြီး Willem Dafoe ကလည်း အတွဲညီညီနဲ့ ပါဝင်ထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ မေလက နာမည်ကြီးရုပ်ရှင်ပွဲတော် တခုဖြစ်တဲ့ Cannes Film Festival ရဲ့ Directors' Fortnight Section မှာ ကနဦးပြသခဲ့ပြီး Toronto International Film Festival မှာလည်း ပြသခဲ့တာပါ။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြ ကွက်တွေ၊ ပြောစကား Dialog တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့် ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 8 အထိ ရရှိထားပြီး ယူကျုဘ်ပေါ်မှာ တော့ ဒီရုပ်ရှင်ကား Trailer ကို ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သန်းကျော် ရှိ နေခဲ့ပြီ ဖြစ်ပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၁၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် အောက်တိုဘာလ ၁၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။        မူဗီခရေဇီတွေကို နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ မြန်မာ အချစ်ဒရာမာ ရုပ်ရှင်ကားတကားဖြစ်တဲ့ အခမ်းနားဆုံးမေတ္တာ ! 7th Sense Creation ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကား ကတော့ မိုးနီလွင်ရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးပုံ ဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ မတူညီတဲ့ အသိုင်းအဝိုင်း၊ အလွှာတွေကြားက ဖြစ်တည် လာတဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ဦးတက်လူနိုင်၊ တိုင်ရွန်၊ လိပ်ပြာစတဲ့ ဇာတ်ကောင် တွေနဲ့ ဘယ်လိုပုံဖော်ဖန်တီးထားမလဲဆိုတာကိုတော့ မကြာခင်မှာပဲ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ နာမည်ကြီးသရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ နေ တိုး၊ ရဲအောင်၊ သူရိယ၊ တိုင်ရွန်၊ စိုးမြတ်သူဇာ၊ နေခြည်ဦးနဲ့ မေဘရဏီသော်တို့က အတွဲ ညီညီ ပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ အောက်တိုဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ ၊ ကန်သာယာစင်တာမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် အောက်တိုဘာလ ၁၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ စစ်ပွဲနောက်ခံဒရာမာ ဇာတ်မြူးရုပ်ရှင်ကားတကားဖြစ်တဲ့ Jojo Rabbit ! ဒီကားကိုတော့ နာမည်ကျော်စူပါဟီးရိုးရုပ်ရှင် Thor: Ragnarok ရဲ့ ဖန်တီးရှင် န ယူးဇီလန်ရုပ်ရှင်ဒါရိုက်တာ Taika Waititi က သူကိုယ်တိုင် ဇာတ်ညွှန်းခွဲပြီး ကိုယ်တိုင်ပဲ ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားကတော့ ဟစ်တလာကြီးစိုးတဲ့ ဒုတိယကမ္ဘာစစ်ကာလကို အခြေတည်ရိုက် ကူးထားတာ ဖြစ်ပါတယ်။ Jojo ဆိုတဲ့ ကောင်လေးက သူ့ရဲ့ အမေ Single Mother တ ယောက်ဖြစ်တဲ့ Rosie နဲ့အတူ နေထိုင်ပါတယ်။ တနေ့မှာတော့ သူတို့အိမ်ထဲမှာ ဂျူးမိန်း ကလေးတယောက်ကို သူ့အမေက ဝှက်ထားပေးတဲ့အကြောင်းကို သိသွားချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ၊ ဘယ်လိုအလှည့်အပြောင်းတွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေ နဲ့ ပုံဖော်ဖန်တီးထားမလဲဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ မြန်မာပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ ဟောလိဝုဒ်နာမည်ကြီး သ ရုပ်ဆောင်မင်းသမီး Scarlett Johansson ၊ ဆယ်ကျော်သက် ကလေးသရုပ်ဆောင် တွေ ဖြစ်ကြတဲ့ Roman Griffin Davis ၊ Thomasin McKenzie တို့နဲ့အတူ ဒါရိုက်တာ Taika Waititi ကလည်း ပါဝင်သရုပ်ဆောင်ထားခဲ့တာပါ။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြော စကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့် တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့ မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ IMDb မှာတော့ Rating 7 အထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကို နာမည်ကြီး ရုပ်ရှင် ပွဲတော်တခုဖြစ်တဲ့ Toronto International Film Festival မှာ စက်တင်ဘာလ ၁၅ ရက်နေ့က ပြသခဲ့ပြီး Grolsch People's Choice Award ကိုလည်း ရရှိထားခဲ့တာ ဖြစ်ပါ တယ်။ ကြာမြင့်ချိန် ၁၀၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် အောက်တိုဘာလ ၁၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ မြင့်မြတ် နဲ့ အိချောပိုတို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ အချစ်ဟာသဒရာမာရုပ်ရှင်-ချိုးရုပ် ! ဒီရုပ်ရှင်ကားကိုတော့ အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ် ပြီး ဆဲဗင်းဒေးရဲ့ ဇာတ်ညွှန်းကို ဟာသ သရုပ်ဆောင် ခင်လှိုင်က ဒါရိုက်တာအနေနဲ့ ရိုက် ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ကျေးလက်‌ဒေသကို အခြေခံပြီး ၅၂၈ ချစ်ခြင်းမေတ္တာဘွဲ့ ဇာတ်လမ်းတပုဒ်အနေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဒီကားထဲမှာတော့ မြင့်မြတ်၊ အိချောပိုတို့နဲ့အတူ တိုင်ရွန်၊ ခင်လှိုင်၊ ညီနန္ဒ၊ ကြက်ဖ၊ တက္ကသိုလ်ဂွမ်းပုံ၊ ရွှေပိုးအိမ်စတဲ့ သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ အောက်တိုဘာလ ၁၅ ရက်နေ့က ရန်ကုန် မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၅ သန်းကျော်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် အောက်တိုဘာလ ၁၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၉.၁၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024