A d v e r t i s e m e n t With Us

မက္ကဆီကို မူးယစ်ဂိုဏ်းက အလစ်ဝင်တိုက်သဖြင့် ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၁၃ ဦး သေဆုံး

မက္ကဆီကိုနိုင်ငံမှာ အောက်တိုဘာ ၁၄ ရက်နေ့က မူးယစ်ဂိုဏ်း သေနတ်သမားတွေ  အလစ်ဝင်တိုက်လို့ ရဲတပ်ဖွဲ့ဝင် ၁၃ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။  မီချိုယာကန်ပြည်နယ်မှာ  ပေါ်ပေါက်ခဲ့တဲ့ အလစ်ဝင်တိုက်မှုဟာ  အလွန်စိတ်မကောင်းစရာပဲလို့ သမ္မတ အော်ဘရေတိုက ပြောခဲ့ပေမယ့် လုံခြုံရေးအသုံးစရိတ် တိုးမြှင့်သုံးတာနဲ့ အကြမ်းဖက်မှု ဖြစ်စေတဲ့ အကြောင်းရင်းကို ကိုင်တွယ်ဖြေရှင်းတဲ့ သူ့ဆုံးဖြတ်ချက်ဟာ အကျိုးဖြစ်ထွန်းတယ်လို့   သူရဲ့ လုံခြုံရေး မဟာဗျူဟာကို ကာကွယ်ပြောခဲ့ပါတယ်။  အောက်တိုဘာ ၁၅ ရက်  သတင်းစာရှင်းလင်းပွဲမှာ   လက်ဝဲခေါင်းဆောင် အော်ဘရေတိုက ရာဇဝတ်မှုတွေကို စစ်တပ် ဦးဆောင်ဖြေရှင်းတဲ့  အတိတ်က ကြိုးပမ်းမှုတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်မက္ကဆီကိုမှာ မနှစ်ကထက်ပိုပြိး လူသတ်မှုနှုန်း မြင့်မားလာတဲ့အတွက်  အခုလို သတ်ဖြတ်တာတွေကို တားဆီးပေးဖို့ သမ္မတ အော်ဘရေဒိုဟာ ပိုမိုဖိအားပေးခံနေရပါတယ်။

A d v e r t i s e m e n t With Us

More News
Up