Homeမြန်မာသတင်း
အသံပါဝါအားကောင်းကောင်းနှင့် ထွက်ရှိလာသည့် သာဒီးလူ၏ သီချင်းသစ် ‘အသဲဖျက်မယ့်မိုး’ (ရုပ်သံ)
အသံပါဝါအားကောင်းကောင်းနှင့် ထွက်ရှိလာသည့် သာဒီးလူ၏ သီချင်းသစ် ‘အသဲဖျက်မယ့်မိုး’ (ရုပ်သံ)
DVB
·
October 16, 2019
“အဝေးဆုံးသို့… မင်းသွားတော့မယ်နော်… တားဆီးခွင့် မရှိတဲ့သူမှာတော့… လက်ပြလို့ နှုတ်ဆက်ရုံပေါ့… ကံကြမ္မာကိုပဲ အပြစ်ဖို့ လိုက်မယ်နော်… ပြန်ဆုံမယ်… တို့ မသိတဲ့ တနေ့နေ့ပေါ့”
ဒါကတော့ အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေကို သီဆိုလေ့ရှိတဲ့ ပရိ သတ်အချစ်တော် တေးသံရှင် သာဒီးလူရဲ့ သီချင်းတပုဒ်ထဲက သီချင်းစာသားတွေဖြစ်ပြီး အသည်းဖျက်မယ့်မိုးလို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး စစ်သူက ရေး စပ်ပေးထားခဲ့တာပါ။
“တိတ်လိုက်တော့… မင်း မျက်ရည်များနဲ့မိုး… အနမ်းတချက်လောက် တို့ပေး လိုက်ချင်လို့… နောက်ဆုံးအမှတ်တရ အဖြစ်နဲ့… ယူပါတော့… ကံကြမ္မာဟာ သိပ်ရက် စက်လွန်းတယ်နော်… ပြန်ဆုံနိုင်ဖို့ တို့ဆုတောင်းရုံပေါ့”
ဒီသီချင်းကိုတော့ သာဒီးလူရဲ့ သီဆိုမှုနဲ့အတူ မော်ဒယ်သရုပ်ဆောင် ထက်ဦးထွဋ်နဲ့ ပိုးကြာဖြူခင်တို့ရဲ့ သရုပ်ဆောင်မှုတွေနဲ့ ရှုစားကြရမှာဖြစ်ပြီး Bo Bo Music Production ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့ တာပါ။
“ဒီအချိန်ကျမှ မစဲတမ်း ရွာနေတဲ့မိုး… ကမ္ဘာပျက်မယ့် ပုံသဏ္ဌာန်လိုမျိုး… တရင် ခွင်လုံး အုံ့ဆိုင်း… ဟိုး… ကပ်ဆိုးဆိုက်နေသလို… ရွာသွန်း… အသည်းဖျက်မယ့်မိုး”
ကိုယ်ပိုင်သီချင်းစာသား အလန်းတွေနဲ့ အားမန်ပါပါ သီဆိုလေ့ရှိတဲ့ သာဒီးလူရဲ့ သီ ချင်းတွေဟာ လူငယ်ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေပြီး ပြည့်တန်ဆာ၊ လို သလိုသုံး၊ ရန်သူတော်ခြောက်ပါးစတဲ့ သီချင်းတွေနဲ့အတူ ဟစ်ဟော့ပ်အဆိုတော် J-Me နဲ့ ထူးထူးခြားခြား တွဲဖက်သီဆိုထားတဲ့ ဂျူဒီသီချင်းဟာလည်း လူကြိုက်များတဲ့ သီချင်းတ ပုဒ် ဖြစ်ပါတယ်။
လူမှုပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေကျဖြစ်တဲ့ အခြေအနေတွေ၊ ခံစားချက်တွေနဲ့ ထင်ဟပ်တဲ့ သီချင်းတွေ သီဆိုလေ့ရှိတဲ့ သာဒီးလူဟာ လက်ရှိအချိန်ထိ ပြယုဂ်၊ ကျွန် တော်ရူးနေသည် စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ် ၂ ချပ်ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။
“အဝေးဆုံးကို သွားတော့မယ်ပေါ့… တားဆီးခွင့် မရှိတဲ့သူမှာတော့… လက်ပြလို့ နှုတ်ဆက်ရုံပေါ့… ကံကြမ္မာကိုပဲ အပြစ်ဖို့ လိုက်မယ်နော်… ပြန်ဆုံနိုင်ဖို့ တို့ဆုတောင်းရုံ ပေါ့”