Home
မြန်မာသတင်း
မူးယစ်ဆေးဝါး နှိမ်နှင်းရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ ဆွေးနွေး
DVB
·
October 15, 2019
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်ကွပ်ကဲရေးမှူးအဆင့်  အစည်းအဝေးကို အောက်တိုဘာ ၁၄ ရက် မနက် ၁၁ နာရီလောက် တက္ကနပ်မြို့ နတ်မြစ်ကမ်းခြေရှိ ဟိုတယ်တခုမှာ ကျင်းပပါတယ်။ အဆိုပါ အစည်းအဝေးမှာ မူးယစ်ဆေးဝါး နှိမ်နှင်းရေးကိစ္စ၊ လူဝင်/လူထွက်မှုတားဆီးနိုင်ရေး၊ မြေမြှုပ်မိုင်းရှင်းလင်းရေးနဲ့ နယ်စပ်က အကြမ်းဖက်လှုပ်ရှားမှုကိစ္စရပ်တွေကို နှစ်နိုင်ငံ ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်ရေး အဓိက ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ အစည်းအဝေးမှာ မြန်မာနယ်ခြားစောင့်တပ်က ရဲမှူးချုပ် မြင့်တိုး ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၄ ဦး တက်ရောက်ခဲ့ကြပါတယ်။   ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ ကော့ဘဇားအခြေစိုက် MGM တပ်မှူးချုပ် ဆာဒူရာမာန်၊ အမှတ်(၂) BGF တပ်ရင်း တပ်ရင်းမှူး ဒုရဲမှူးကြီး ပိုင်ဆဲလ်ဟာဆောင်ခါန်၊ ကော့ဘဇာအခြေစိုက် အမှတ် (၃၄) တပ်ရင်း တပ်ရင်းမှူး ဒုရဲမှူးကြီး အာလီဟိုက်ဒေါင်း အာဇက်အာမတ်၊ ရာမူ(ပန်းဝါ)အခြေစိုက် အမှတ်(၃၀) BGF တပ်ရင်း တပ်ရင်းမှူး ဒုရဲမှူးကြီး ဇာဟိဒူရာမာန်နဲ့ အမှတ် (၂) BGF တပ်ရင်း ဒုတပ်ရင်းမှူး  ရော်ဘာရောက်ကော်ဘီ တို့တက်ရောက်ကြပါတယ်။ သတင်း - ကောင်းကောင်း၊ ဓါတ်ပုံ-ဘင်္ဂလားဒေ့ရှ်သတင်းဌာန
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024