စပါးအသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်း

1.1K
စပါးအသင်းဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှ စပို့တင်းလစ္စဘွန်း ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းမှာ ဖြစ်ပါတယ်။
ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို ရောင်းချဖို့ ရှိနေတာကြောင့် ဖာနန်ဒက်စ်နဲ့ အစားထိုးဖို့ စပါးအသင်းက ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
ဖာနန်ဒက်စ်ကို ပြီးခဲ့တဲ့ နွေရာသီကတည်းက စပါးအသင်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေ ဖြစ်ခဲ့တာပါ။
လက်ရှိအချိန်မှာတော့ သက်တမ်းတိုးဖို့ အဆင်မပြေ ဖြစ်နေတဲ့ အဲရစ်ဆင်ကို ထွက်ခွာခွင့် ပြုတော့မှာ ဖြစ်လို့ ပေါ်တူဂီ လက်ရွေးစက် ဖာနန်ဒက်စ်ကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။
ပေါ်တူဂီကလပ် စပို့တင်းအသင်းကတော့ ဖာနန်ဒက်စ်အတွက် ပေါင် ၆၅ သန်းဝန်းကျင် ပြောင်းရွှေ့ကြေး သတ်မှတ်ထားတယ်လို့ သိရပါတယ်။