ဘူလ်ဂေးရီးယားနှင့်ပွဲတွင် နိုင်ပွဲပြန်လည်ရယူမည်ဟု အင်္ဂလန်နည်းပြပြော

945
ဘူလ်ဂေးရီးယားနဲ့ပွဲမှာ နိုင်ပွဲ ပြန်လည်ရယူသွားမယ်လို့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ပြောကြားလိုက်ပါတယ်။
အင်္ဂလန်အသင်းဟာ ယူရို၂၀၂၀ ခြေစစ်ပွဲစဉ်ဖြစ်တဲ့ ချက်အသင်းနဲ့ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပြီး ၁၀ နှစ်အတွင်းမှာ ပထမဆုံး ယူရိုခြေစစ်ပွဲ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
ဒီကနေ့ညမှာက စားမယ့် ဘူလ်ဂေးရီးယားနဲ့ပွဲမှာတော့ နိုင်ပွဲပြန်လည်ရယူသွားမယ်လို့ ဆောက်ဂိတ်က ဆိုပါတယ်။
ချက်နဲ့ပွဲက အရှုံးကိုမေ့ဖျောက်ဖို့အတွက် ဘူလ်ဂေးရီးယားနဲ့ပွဲက ပြီးပြည့်စုံတဲ့ပွဲစဉ်ဖြစ်ပြီး အကောင်းဆုံးခြေစွမ်းပြရမယ့် အချိန်ရောက်ပြီလို့ နည်းပြ ဆောက်ဂိတ်က ပြောပါတယ်။
အင်္ဂလန်အသင်းဟာ ဘူလ်ဂေးရီးယားအသင်းနဲ့ စုစုပေါင်း ၁၁ ပွဲတွေ့ဆုံရာမှာ ရှုံးပွဲမရှိခဲ့ဖူးဘဲ ၇ ပွဲနိုင် ၄ ပွဲသရေ ကျခဲ့ပါတယ်။