ဆီးရီးယား ယာဉ်တန်းကို တူရကီလေကြောင်း တိုက်ခိုက်မှုကြောင့် ၁၄ ဦး သေဆုံး

Photo : REUTERS/Murad Sezer
ဆီးရီးယား ရက်စ်အယ်အိန်နာမြို့က ယာဉ်တန်းတခုကို တူရကီလေကြောင်းက တိုက်ခိုက်တာကြောင့် အရပ်သား ၅ ယောက်အပါအဝင် ၁၄ ယောက် သေဆုံးတယ်လို့  ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောလိုက်ပါတယ်။    အောက်တိုဘာ  ၁၃ ရက်က ကမ်မီရှီလီမြို့ကနေ ရက်စ်အယ်အိန်နာမြို့ ဆီ မောင်းနှင်လာတဲ့ ယာဉ်တန်းကို လေကြောင်းကနေ  တိုက်ခိုက်တာကြောင့် လူ ၁၀ ယောက်လည်း ဒဏ်ရာရခဲ့ပါတယ်။   ယာဉ်တန်း တိုက်ခိုက်ချိန်  နိုင်ငံခြား သတင်းထောက် အများအပြားရှိနေတယ်လို့    France 2 သတင်းဌာန သတင်းထောက်တဦးက ပြောပါတယ်။   France 2 ထုတ်လွှင့်တဲ့ ဗွီဒီယိုထဲမှာ  ဆီးရီးယား SDF တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေ  ရောထွေးနေတာ မြင်တွေ့ရပါတယ်။  ရက်စ်အယ်အိန်နာမြို့က နေ  ၆ မိုင်အကွာခန့်မှာ ရိုက်ထားတဲ့ ဗွီဒီယိုတွေမှာလည်း  မြေပေါ် လဲကျနေတဲ့ အလောင်းတွေ၊ မီးကျွမ်း သံချပ်ကာယာဉ်တွေ၊ တခြား ဖျက်ဆီးခံရတဲ့  ထရပ်ကားတွေနဲ့ အဆောက်အဦတွေကို တွေ့ရပါတယ်။      တူရကီ စစ်တပ်ဟာ ဆီးရီးယားမြောက်ပိုင်းကို အောက်တိုဘာ ၉ ရက်ကစပြီး ထိုးစစ်ဆင်နေတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up