Homeမြန်မာသတင်း
ဂျပန် တိုင်ဖွန်းမုန်တိုင်းကြောင့် မြန်မာ ၃ ဦးပါသည့် ကုန်တင်သင်္ဘော နစ်မြုပ်၊ ၅ ဦး သေဆုံး
ဂျပန် တိုင်ဖွန်းမုန်တိုင်းကြောင့် မြန်မာ ၃ ဦးပါသည့် ကုန်တင်သင်္ဘော နစ်မြုပ်၊ ၅ ဦး သေဆုံး
DVB
·
October 14, 2019
ပြီးခဲ့တဲ့ရက်ပိုင်းက ဂျပန်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ တိုက်ဖွန်းမုန်တိုင်းဟာ ဂီဘိစ်ကြောင့် ပနားမား ကုန်တင်သင်္ဘောတစင်း နစ်မြုပ်ခဲ့ပြီး ၅ ဦး သေဆုံးကာ ၃ ဦး ပျောက်ဆုံးနေတယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်က ပြောပါတယ်။
တန်ချိန် ၁၉၂၅ တန်ရှိတဲ့ အဆိုပါ ကုန်တင်သင်္ဘောပေါ်မှာ မြန်မာနိုင်ငံသား ၃ ဦး၊ တရုတ်နိုင်ငံသား ၇ ဦးနဲ့ ဗီယက်နမ်နိုင်ငံသား ၂ ဦး၊ စုစုပေါင်း သင်္ဘောသား ၁၂ ဦး ပါဝင်တယ်လို့ ကျိုဒိုသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
သူတို့ထဲက ၄ ဦးကိုတော့ နောက်တနေ့မနက်ပိုင်းမှာ ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကုန်တင်သင်္ဘောရဲ့ ခြေရာခံအချက်ပြစနစ်ဟာ အောက်တိုဘာလ ၁၂ ရက်နေ့ ဒေသစံတော်ချိန် ၉:၄၀ နာရီမှာ ပြတ်တောက်သွားခဲ့တယ်လို့ ကမ်းခြေစောင့်တပ်က ပြောပါတယ်။
တရုတ်နိုင်ငံထုတ် ဆင်ဟွာသတင်းတပုဒ်မှာတော့ ဂျပန်နိုင်ငံအခြေစိုက် တရုတ်သံရုံးရဲ့အ တည်ပြုချက်အရ သေဆုံးသူ ၅ ဦးဟာ တရုတ်နိုင်ငံသားတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
နှစ်ပေါင်း ၆၀ အတွင်း အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်း ဟာဂီဘိစ်ကြောင့် သေဆုံးသူ ရေအတွက် ၃၁ ယောက်အထိ မြင့်တက်လာပြီး လတ်တလောမှာတော့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လုပ်နေပါတယ်။