တူနီးရှားသမ္မတရွေးကောက်ပွဲ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအနိုင်ရ၊ ပြည်သူများ အောင်ပွဲခံ

726
တူနီးရှား သမ္မတရွေးကောက်ပွဲမှာ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ကိုင်းဆာအိဒ် အပြတ်အသတ် အနိုင်ရတဲ့အပေါ် အောက်တိုဘာ ၁၃ ရက်က တူနီးရှားပြည်သူတွေ အောင်ပွဲခံခဲ့ပါတယ်။
တူနီးရှားပြည်သူထောင်ချီပြီး လမ်းပေါ်ထွက်ကာ ကိုင်းဆာအိဒ်အောင်ပွဲအပေါ် ပျော်ရွှင်ဝမ်းမြောက်ခဲ့တာပါ။
သတင်းထောက်တွေကို ဆာအိဒ် ပြောပြီး မကြာခင်မှာပဲ နာမည်ကျော် ဟာဘီဘုံဘေရာဘဂျန် လမ်းမထက် ထောက်ခံသူတွေက တူနီးရှားအလံတွေ ဝှေ့ရမ်းပြီး မီးကျည်တွေ ပစ်လွှတ်ခဲ့ပါတယ်။
၂၀၁၁ အာရပ်နွေဦးတော်လှန်ရေးမှာ ပါဝင်တဲ့ လူငယ်တွေနဲ့အတူ ပျော်ရွှင်မိတယ်လို့ ကိုင်းဆာအိဒ် ထောက်ခံသူ တဦးက ပြောပါတယ်။
ဒီနေ့မှာ တူနီးရှားပြည်သူတွေက ဉာဏ်အမြော်အမြင်ရှိသူ တဦးကို သမ္မတ ခန့်အပ်လိုက်ပြီလို့လည်း သူက ဆိုပါတယ်။
အဲဒီ အမျိုးသမီးက တူနီရှားနိုင်ငံ အနာဂတ်ဖြစ်တဲ့ လူငယ်တွေကို လေးစားပြီး လူငယ်တွေဟာ တော်လှန်ရေး ဆောင်ကြဉ်းပေးသူတွေပဲလို့ ပြောခဲ့ပါတယ်။
ဆစ်ဂ်မာ အတိုင်ပင်ခံအဖွဲ့က ပြုလုပ်တဲ့ မဲရလဒ်အရ ကိုင်းဆာအိဒ်ဟာ ထောက်ခံမဲ ၇၆ ဒသမ ၉ ရာခိုင်နှုန်းရရှိပြီး တရားဝင် မဲရလဒ်ကို မထုတ်ပြန်သေးဘူးလို့ ရိုက်တာသတင်းအရ သိရပါတယ်။