နိုင်ငံတကာ ခြေစမ်းပွဲတွင် ဘရာဇီး တိုက်စစ်မှူး နေမာ ဒဏ်ရာရ
ဘရာဇီးတိုက်စစ်မှူး နေမာဟာ မနေ့ညက ယှဉ်ပြိုင်သွားတဲ့ နိုင်ငံတကာ ခြေစမ်းပွဲစဉ်မှာ ဒဏ်ရာရသွားပါတယ်။
ဘရာဇီးနဲ့ နိုင်ဂျီရီးယားတို့ ၁ ဂိုးစီ သရေကျတဲ့ ခြေစမ်းပွဲစဉ်မှာ နေမာရဲ့ ဘယ်ခြေထောက် ဒဏ်ရာရခဲ့တာပါ။
ဒီဒဏ်ရာကြောင့် အသက် ၂၇ နှစ်အရွယ် ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာဟာ လာမယ့် ၂၂ ရက်နေ့ ကလပ်ဘရုပ်စ်နဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် ကစားဖို့ မသေချာတဲ့ အနေအထားမှာ ရှိနေပါတယ်။
ဘရာဇီးနည်းပြကတော့ နေမာ ကြွက်သား ဒဏ်ရာရသွားတာလို့ ပြောပါတယ်။ ခြေစမ်းပွဲစဉ်မှာ ဘရာဇီးက တဖတ်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ပေမယ့် ၁ ဂိုးစီ သရေရလဒ်နဲ့ အဆုံးသတ်ခဲ့ပါတယ်။